close

အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးကွဲ

close

May 20, 2021

ဖျာပုံမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးကွဲ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်က ဒေါ်ညိမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ မေလ ၂၀ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့ မွန်းလွဲ ၃ နာရီကျော်လောက်မှာ အုပ်ချုပ်ရေးမှူးရုံးရဲ့ ကြမ်းပြင်ကနေ ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့်  အုပ်ချုပ်ရေးမှူးရုံးမှာ ထိခိုက်ပျက်စီးမှုအခြေအနေနဲ့  ဒဏ်ရာရသူ ရှိမရှိဆိုတာကိုတော့ အတည်ကျမသိရသေးပါဘူး။

လတ်တလော ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့  ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်ရှိစစ်ဆေးနေပါတယ်။

ဒေါ်ညိမ်းကျေးရွာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေလက်မခံတဲ့ စည်သူကျော် ဆိုတဲ့လူကို အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ မေလ ၁၁ ရက်နေ့ကလည်း  ပေါ်ကွဲမှုဖြစ်ပွားခဲ့ပြီး ဖျာပုံမှာ အခု ပေါက်ကွဲမှုဟာ ဒုတိယအကြိမ်လည်း ဖြစ်ပါတယ်။

12 hours Ago
Up