close

အုပ်ချုပ်ရေးမှူးဟောင်း

close

November 15, 2022

မိုးမောက်တွင် အုပ်ချုပ်ရေးမှူးဟောင်း ၂ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက အုပ်ချုပ်ရေးမှူးဟောင်း နှစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ အုပ်ချုပ်ရေးမှူဟောင်းတွေနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

၁၅ မိုင်ရွာက အုပ်ချုပ်ရေးမှူးဟောင်း ဦးဂျန်မာဂမ်မော် နဲ့ ဦးလမာယော်ထုံတို့ကို  မိုးမောက်အခြေစိုက် ခလရ ၄၃၇ က နေအိမ်မှာ လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူးဟောင်းတွေနဲ့ နီးစပ်သူက "မနက် ၇ နာရီလောက်က စစ်တပ်က အုပ်ချုပ်ရေးမှူးဟောင်းတွေကို လာဖမ်းသွားတာ။ ဦးလမာယော်ထုံကိုတော့ ညနေပိုင်းမှာ ပြန်လွှတ်ပေးတယ်။ ဦးဂျန်မာဂမ်အောင်ကိုတော့ ဖမ်းထားသေးတယ်။ ဘာလို့ ဖမ်းတာလဲတော့ မသိရဘူး"လို့ ပြောပါတယ်။

ဦးဂျန်မာဂမ်အောင်ကို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရတဲ့အတွက် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေတယ်လို့ သိရပါတယ်။

မိုးမောက်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ စစ်ကောင်စီတ်တို့ အောက်တိုဘာ ၂၂ ရက်က  စပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ ဒေသခံ နှစ်ထောင်ကျော်ဟာ နေရပ်စွန့်ခွာ စစ်ဘေးရှောင် နေရပါတယ်။

4 mins Ago

April 30, 2022

စဉ့်ကူးမြို့နယ်၌ ထန်းရည်ဆိုင်ပိုင်ရှင် ၁ ဦးနှင့် အုပ်ချုပ်ရေးမှူးဟောင်း ၁ ဦးကို သွေးသောက်အဖွဲ့က ပစ်သတ်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာမြောက်ပိုင်း မန္တလေး - မိုးကုတ်လမ်းမဘေးမှာ ဖွင့်လှစ်ထားတဲ့ ထန်ရည်ဆိုင်ပိုင်ရှင်  အမျိုးသားတယောက် ဧပြီလ ၂၉ ရက်က သေနတ်နဲ့  ပစ်သတ်ခံခဲ့ရပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရသူဟာ အသက် ၆၀ ကျော်အရွယ် ထန်းရည်ဆိုင်ပိုင်ရှင် ဦးကျော်သိန်း ဖြစ်ပြီး ရင်ဘက် ကျည်ဖောက်ဝင် ဒဏ်ရာ ၂  ချက်နဲ့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ထန်းရည်ဆိုင်ပိုင်ရှင် ဦးကျော်သိန်း ပစ်သတ်ခံရတာနဲ့ပတ်သက်လို့ လက်စားချေတုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာလို့ သွေးသောက်အဖွဲ့ (စဉ့်ကူး) ကထုတ်ပြန်ထားပြီး  ခူလည်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းကိုလည်း  ပစ်သတ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ခူလည်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးဆွေလင်းကို PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပစ်သတ်သွားတာဖြစ်တယ်လို့  သွေးသောက်အဖွဲ့ (စဉ့်ကူး) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သွေးသောက်အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မန္တလေးနဲ့ ရန်ကုန်မှာ အရပ်သား တချို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။  စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီအဖွဲ့ကို သူတို့ဖွဲ့ပေးထားတာ မဟုတ်မဟုတ်ဘူးလို့ငြင်းဆိုထားသလို  အခုလို သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးအရေးယူတာတွေလည်း မရှိပါဘူး။  

7 months Ago
Up