ချန်ပီယံလိဂ်မှာ အုပ်စုဒုတိယပဲရမယ်လို့ ပွဲကစားချိန်အတွင်း မသိရှိခဲ့ကြောင်း ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေကပြောပါတယ်။
ပီအက်စ်ဂျီအသင်းဟာ မနေ့ကကစားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ ပွဲစဉ်မှာ ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရခဲ့တဖြစ်ပေမဲ့ တစ်ဖက်ပွဲစဉ်မှာ ဘင်ဖီကာအသင်းက အစ္စရေးကလပ် မက္ကာဘီဟိုင်ဖာကို ၆ ဂိုး ၁ဂိုးနဲ့ အနိုင်ရခဲ့လို့ အဝေးဂိုးကွာခြားချက်အသာရပြီး အုပ်စုပထမရသွားတာပါ။
ဘင်ဖီကာအသင်းဟာ ပွဲကစားချိန် ၉၂ မိနစ်အထိ ၅ ဂိုး ၁ဂိုး ရလဒ်နဲ့ပဲအနိုင်ရနေတာဖြစ်ပြီး ၉၂ မိနစ်ရောက်မှ ၆ ဂိုးမြောက်ဂိုးသွင်းယူပြီး ပီအက်စ်ဂျီအပေါ်အသားစီးရယူနိုင်ခဲ့တာပါ။
ပီအက်စ်ဂျီအသင်းသားတွေကတော့ ဂျူဗင်တပ်စ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရနေတာကြောင့် အုပ်စု ပထမရပြီလို့ ထင်မှတ်ခဲ့ကြပြီး ပွဲပြီးသွားမှသာ ဒုတိယနေရာရောက်သွားတာကို သိရှိခဲ့ရကြောင်း အမ်ဘာပေကပြောပါတယ်။
ဒါပေမဲ့ ပီအက်စ်ဂျီအသင်းက နောက်တဆင့်တက်ရောက်ခဲ့ပြီဖြစ်လို့ ကိစ္စမရှိဘဲ နောက်တဆင့်မှာ ဘယ်အသင်းနဲ့ပဲတွေ့တွေ့ အနိုင်ရအောင်ကစားသွားမယ်လို့ အမ်ဘာပေက ပြောသွားပါတယ်။