close

အေအေနှင့်ဆက်နွှယ်

close

June 11, 2022

ပလက်ဝတွင် အေအေနှင့်ဆက်နွှယ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံရသူ ၇ ဦး အထိရှိလာ

ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ   ရက္ခိုင့်တပ်တော်(အေအေ)နဲ့ဆက်နွှယ်တယ်လို့ စွပ်စွဲပြီး   စစ်ကောင်စီတပ်ကဖမ်းဆီးသွားတဲ့ ဒေသခံပြည်သူ အနည်းဆုံး  ၇ ယောက်ရှိလာပြီလို့  မြို့ခံတွေက ပြောပါတယ်။

ဇွန် ၈ ရက် ည ၇ နာရီကျော်လောက်က အသက် ၆၀ အရွယ် မြို့မရပ်ကွက်က ရာအိမ်မှူး  ဦးမောင်ဝင်းကို ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းက စစ်သားတွေ ဖမ်းဆီးသွားတာလို့ ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။

"ရက္ခိုင့်တပ်တော်(အေအေ)နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးသွားတာလို့ ကြားတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး။”

ပြီးခဲ့တဲ့ ဇွန် ၄ ရက်ကလည်း ပလက်ဝမြို့ မြို့မရပ်ကွက်က ဦးမောင်မဲကျော့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သလို မေလ ၂၆ ရက်ကလည်း  အဘောင်သားကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူး နှစ်ယောက်ကို  ၂၈၉ တပ်ရင်းက ဖမ်းဆီးခဲ့ပါတယ်။

ထိုနောက် ဆယ်အိမ်မှူး ၂ ယောက်ကို  ၂ ရက်အကြာမှာ ပြန်လွတ်ပေးခဲ့ပေမဲ့ နောက် ၃ ရက်အကြာမှာ အဘောင်သား ကျေးရွာသား နှစ်ယောက်ကို  ထပ်မံဖမ်းဆီးခဲ့ပါတယ်။

ပလက်ဝမြို့မှာ ရက္ခိုင်တပ်တော်(အေအေ)နဲ့ စပ်ဆက်တယ်ဆိုပြီး ဖမ်းဆီးခံရသူ ၇ ယောက်အထိ ရှိလာပေမဲ့  ၂ ယောက်သာ  ပြန်လည်လွတ်မြောက်လာသေးပါတယ်။ 

ပလက်ဝမြို့နယ် အဘောင်သားကျေးရွာအနီးမှာ မေလ ၂၆ ရက်က စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ)အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

39 seconds Ago
Up