close

အေအေအထိမ်းအမှတ်ပွဲ

close

April 11, 2022

ပေါက်တောမြို့ကို စစ်ကောင်စီတပ်ဝင်လာသဖြင့် အေအေအထိမ်းအမှတ်ပွဲ ဖျက်သိမ်းလိုက်ရ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ထဲကို  ဧပြီ ၁၀ ရက် ညနေ ၅ နာရီလောက်က စစ်ကောင်စီတပ်အင်အား ၆၀ လောက်နဲ့ ဝင်ရောက်လာလို့ ရက္ခိုင်တပ်တော်နေ့ အထိမ်းအမှတ် သီချင်းအဆိုပြိုင်ပွဲနဲ့ ရခိုင်မုန့်တီစတုဒိသာပွဲကို ဖျက်လိုက်ရတယ်လို့  ပွဲကျင်းပသူထံက သိရပါတယ်။

ပွဲဦးဆောင်ကျင်းပသူ ပေါက်တောဒေသခံတစ်ဦးက "တပ်အင်အား ၆၀ လောက်ဝင်လာတော  ကျနော်တို့ စတုဒိသာပွဲနဲ့ သီချင်းဆိုပြိုင်ပွဲကို ဖျက်သိမ်းလိုက်ရတယ်။ ချက်ပြုတ်နေသူတွေလည်း စိုးရိမ်ပြီး မိမိအိမ်ကို ပြန်သွားကြတယ်။ သီချင်းဆိုပြိုင်မယ်သူတွေလည်း စိုးရိမ်လို့မလာကြတောဘူး။"လို့ ပြောပါတယ်။

ပေါက်တောမြို့မိမြို့ဖတစ်ဦးကလည်း " ရေတပ်က အဆိုပြိုင်ပွဲ ကျင်းပမယ့်နေရာနဲ့ သိပ်မဝေးတဲ့ ရေကျော်ဆိပ်မှာ ရပ်နားပြီး စစ်သား ၆၀ လောက်က စတုဒိသာ မုန့်တီကျွေးနေတဲ့ လမ်းကနေ ဖြတ်လျှောက်လာတော။ မုန်တီစားနေကြတဲ့ သူတွေလည်း စိုးရိမ်ပြီးအိမ်ပြန်သွားကြတယ်။ သီချင်းအဆိုပြင်ပွဲကိုလည်း ဖျက်သိမ်းလိုက်ရတယ်။" လို့ပြောပါတယ်။

စစ်ကောင်စီတပ်သား ၆၀ ကျော်အနက်   အယောက် ၃၀ ကျော်ဟာ ပေါက်တောမြို့နယ်အားကစားရုံမှာ ယာယီစခန်းချထားပြီး ကျန်အင်အား ၃၀ ကျော် မှာ ပေါက်တောမြို့နယ်ရွာချောင်းကြီးကျေးရွာမှာ ယာယီစခန်းချထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းတော့ ၁၂ နှစ်မြောက်ရက္ခိုင်တပ်တော်မွေးနေ့ အထိမ်းအမှတ်ပွဲကို  ပေါက်တောမြို့နယ်မှာ ပထမဆုံးအကြိမ်အဖြစ် စည်စည်ကားကား ကျင်းပနိုင်ခဲ့ပါတယ်။ 

12 hours Ago
Up