close

အောက်စီဂျင်ဖြည့်

close

July 15, 2021

မန္တလေး ပုလဲပရဟိတဖောင်ဒေးရှင်းတွင် အောက်စီဂျင်ဖြည့်ရန် တန်းစီစောင့်ဆိုင်းနေမှုမြင်ကွင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ချမ်း/မြောက် သီတာအေး (၉၀၁) ရပ်ကွက်၊ ၇၈ လမ်း ပုလဲပရဟိတဖောင်ဒေးရှင်း (ရုံးချုပ်) မန္တလေးမှာ ဇူလိုင် ၁၅ ရက် မနက်ပိုင်းက အောက်ဆီဂျင်ဖြည့်ဖို့ တန်းစီး စောင့်ဆိုင်းနေကြတာကို တွေ့ရပါတယ်။

ပုလဲပရဟိတဖောင်ဒေးရှင်းဟာ မန္တလေးမြို့ တံခွန်တိုင်ရပ်မှာ နေ့စဉ် အောက်စီဂျင်အိုး ၃၀၀ လောက်အထိ လေဖြည့်သွင်းနိုင်တဲ့ အောက်ဆီဂျင်စက်ကြီးတစ်ခု တပ်ဆင်နိုင်ဖို့ စီစဉ်နေတယ်လို့ ပုလဲဆရာတော်က မိန့်ပါတယ်။ 

ပုလဲပရဟိတဖောင်ဒေးရှင်းဟာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အောက်စီဂျင် မရောင်းဘဲ အခမဲ့ လှူပေးနေတယ်လို့ သိရပါတယ်။

Photo - ပုလဲပရဟိတဖောင်ဒေးရှင်း

9 mins Ago
Up