close

အောက်ဆီဂျင်တိုင်းစက်

close

August 7, 2021

တောင်တွင်းကြီးမြို့ရှိ ဗလီတွင် အောက်ဆီဂျင်တိုင်းစက် အလုံး ၄၀၀ ဒုတိယအကြိမ် ရောင်းချ

တောင်တွင်းကြီးမြို့က အစ္စလာမ်သာသနာ့ဗလီဝတ်ကျောင်းတော်မှာ အောက်ဆီဂျင်တိုင်းစက် အလုံး ၄၀၀ ကို တစ်လုံး ၆၀၀၀ ကျပ်နဲ့  သြဂုတ် ၇ ရက်မှာ တစ်အိမ်ထောင်ကို တစ်လုံးနှုန်း  ဒုတိယအကြိမ်ရောင်းချပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

''ကိုဗစ်ကြောင့် မိသားစုကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ဖြစ်ပစ္စည်းဖြစ်ပေမဲ့ အပြင်မှာ ဝယ်ရင် တစ်သောင်းခွဲလောက်ရှိတယ်။ အိမ်နားကသူတွေ နေမကောင်းလည်း ပေးသုံးရ တာပေါ့'' လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒီနေ့ ရောင်းချပေးတာဟာ ဒုတိယအကြိမ် ရောင်းချပေးထာဖြစ်ပြီး ပထမအကြိမ်အဖြစ် သြဂုတ် ၅ ရက်က အလုံး ၂၀၀ ရောင်းချပေးခဲ့ပြီးဖြစ်ကာ နောက်ရက်တွေမှာလည်း ပစ္စည်း ရောက်ရှိတဲ့အပေါ်မူတည်ပြီး အောက်စီဂျင်တိုင်းစက်တွေကို ထပ်မံရောင်းချပေးသွားမယ်လို့ ဗလီဝတ်ကျောင်းတာဝန်ရှိသူတွေဆီက သိရပါတယ်။

အောက်ဆီဂျင်တိုင်းစက် တစ်လုံးကို အပြင်ဈေးကွက်မှာ အမျိုးအစားပေါ်မူတည်ပြီး ၁၅၀၀၀ ကျပ်ဝန်းကျင်ကနေ ၃၀၀၀၀ ကျပ်ဝန်းအထိ စျေးအမျိုးမျိုးရှိတယ်လို့ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

17 hours Ago

August 5, 2021

တောင်တွင်းကြီးက အစ္စလာမ်ဝတ်ကျောင်းတွင် အောက်ဆီဂျင်တိုင်းစက်များကို ၆၀၀၀ကျပ် နဲ့ရောင်းချပေး

တောင်တွင်းကြီးမြို့က အစ္စလာမ်သာသနာ့ဗလီဝတ်ကျောင်းတော်မှာ အောက်စီဂျင်တိုင်းစ က်များကို တစ်လုံး ၆၀၀၀ ကျပ်နဲ့ ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့ မနက်က ရောင်းချပေးခဲ့ပါတယ်။

''ပြည်သူတွေ စျေးချိုချိုနဲ့သုံးစေချင်လို့ အခုလိုလုပ်ပေးတာပါ။ ဒီနေ့ ပထမအကြိမ်အနေနဲ့ မီတာအလုံး ၂၀၀ ရောင်းချပေးခဲ့တာပါ။ မနက်ဖန်မှာ အလုံး ၄၀၀ ထပ်မံရောင်းချပေးသွားမှာပါ''  လို့  ဗလီဝတ်ကျောင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

Oximeter တစ်လုံးဝယ်ရင် Paracetamol (500 mg) တစ်ကတ် လည်း လက်ဆောင်ပေး ကုသိုလ်ပြုခဲ့ကြောင်း ပြောပါတယ်။ 

ဒေသခံတစ်ဦးက ''အပြင်မှာ သောင်းကျော်တယ်။ မဝယ်နိုင်ဘူး။ အခုတော့ အဆင်ပြေသွားတာပေါ့။ ပါရာာစီတမော့ ၁ ကဒ်လက်ဆောင်ရသေးတယ်'' လို့ ပြောပါတယ်။

ဒီကနေ့မှာ ပဲခူးတိုင်းအနောက်ခြမ်းက ပြည်၊ ပေါင်းတည်၊ မင်းလှမြို့တွေက အစ္စလာမ်သာသနာ့ဝတ်ကျောင်းတွေမှာလည်း အောက်စီဂျင်တိုင်းစက်တွေကို ရောင်းချပေးနေကြောင်းသိရပါတယ်။

3 days Ago
Up