close

အောက်ဆီဂျင်အလှူ

close

July 19, 2021

အောက်ဆီဂျင်အလှူအတွက် Art For Oxygen အွန်လိုင်းပန်းချီပြပွဲ ကျင်းပမည်

       လတ်တလော ကိုဗစ်-၁၉ တတိယလှိုင်း ကပ်ဘေးကာလမှာ လူနာတွေအတွက် လိုအပ်တဲ့ ‌အောက်ဆီဂျင်အခက်အခဲကို တထောင့်တနေရာက ဖြေရှင်းနိုင်ဖို့ အွန်လိုင်းပန်းချီ ပြပွဲတခု ကျင်းပသွားဖို့ ရှိနေပါတယ်။

Art For Oxygen လို့ အမည်ပေးထားတဲ့ ဒီပြပွဲကိုတော့ မနက်ဖြန် ဇူလိုင် ၂၀ ရက် ကနေ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး KZL Art Studio & Gallery ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

    ဒီပြပွဲမှာတော့ ဝါရင့်ပန်းချီဆရာကြီး ဦးလွန်းကြွယ်၊ ဆရာကြီး ဦးအောင်မြင့်တို့က စ လို့ ထင်ရှားတဲ့ ပန်းချီဆရာတွေ၊ ထွန်းသစ်စ ပန်းချီဆရာတွေရဲ့ လက်ရာတွေကို ရာနဲ့ချီ တစုတစည်းထဲ ကြည့်ရှူခံစားနိုင်မှာဖြစ်ပြီး ပန်းချီဆရာက အောက်ဆီဂျင်အလှူအတွက်  ၁၀၀% အပြည့် လှူဒါန်းထားပြီး ပြခန်းကလည်း အကျိုးအမြတ်လုံးဝ မယူဘဲ အလှူဖြစ် မြောက်ရေးအတွက် ပြသရောင်းချပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

ရောင်းရငွေတွေအားလုံးကို တကျပ်မှအပွန်းအပဲ့မခံဘဲ အောက်ဆီဂျင်ရရှိရေးအ တွက်  ချက်ချင်းလှူဒါန်းပေးသွားမယ်လို့ ဆိုပါတယ်။

အောက်ဆီဂျင်အလှူအတွက် ပန်းချီကားဝယ်ယူလိုသူတွေအနေနဲ့ မိုဘိုင်းဘဏ်ငွေ ပေးချေမှု စနစ်နဲ့လည်း ဝယ်ယူနိုင်မှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ပန်းချီပြခန်းဖေ့စ်ဘွတ်ခ်ကတဆင့်ဖြစ်စေ၊ အရောင်းတာဝန်ခံဖုန်း 09-950715859 ၊ 09- 424607080 တို့ကိုဖြစ်စေ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

12 mins Ago

July 12, 2021

အသက်ကယ်အောက်ဆီဂျင်အလှူတွင် Clean Yangon အဖွဲ့နှင့်အတူ တတ်အားသမျှပါဝင်နိုင်

လတ်တလော ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းမှာ အရေးပေါ်လိုအပ်နေတဲ့ အောက်ဆီဂျင်လိုအပ်ချက်အတွက် ပြည်သူတွေအနေနဲ့ တတ်အားသမျှ ပါဝင်လှူဒါန်းနိုင်ကြောင်း Clean Yangon အဖွဲ့က နှိုးဆော်ထားပါတယ်။

အောက်ဆီဂျင်လိုအပ်ချက် အခက်အခဲတွေကို အားဖြည့်ကူညီနိုင်ဖို့အတွက် ပရဟိတ OXYGEN PLANT တပ်ဆင်တည်ဆောက်မှုတခုအတွက် ကူညီသွားမှာဖြစ်ပြီး တပ်ဆင်ပြီးပါက တနေ့ကို 40L အလုံး ၁၀၀ ထိ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။

ပြည်သူမှ ပြည်သူသို့ အခမဲ့ကူညီပေးနိုင်ဖို့အတွက် ရည်ရွယ်တည်ဆောက်မယ့် ဒီ OXYGEN PLANT တည်ဆောက်ရေးအတွက် ကုန်ကျစရိတ် ၃ ပုံ ၂ ပုံလောက်ရရှိထားပြီး ဖြစ်ကာ အပြည့်အဝလည်ပတ်နိုင်စေဖို့ ကုန်ကျစရိတ်တွေ ထပ်မံပြီးတော့ လိုအပ်နေ သေးတာကြောင့် ခုလိုအလှူခံရတာလို့ ဆိုပါတယ်။

လှူဒါန်းလိုသူတွေအနေနဲ့ Clean Yangon အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

Clean Yangon အဖွဲ့ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့အတူ ရန်ကုန်မြို့တော် သာယာလှပရေးနဲ့ သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက် အသိပညာပေးရေး လှုပ်ရှားမှုတွေနဲ့ ထင်ရှားပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း တစိုက်မတ်မတ် လှုပ်ရှားခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံတဝန်း တကျော့ပြန် ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် ရောဂါကူးစက်ခံရသူပေါင်း ၁ သိန်း ၉ သောင်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၃၈၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

7 days Ago
Up