close

အောက်ဆီဂျင်အိုးတင် မြန်မာကုန်ကား

close

July 21, 2021

တရုတ်နိုင်ငံ ဝမ်တိန်တွင် ပိတ်မိနေသည့် အောက်ဆီဂျင်အိုးတင် မြန်မာကုန်ကားအချို့ ထွက်ခွင့်ရ

မြန်မာ - တရုတ်နယ်စပ် တရုတ်နိုင်ငံဘက် ဝမ်တိန်မှာ အခွန်ဆောင်ပြီး ပိတ်မိနေတဲ့ မြန်မာ ကုန်တင်ကားတချို့ကို ထွက်ခွင့်ပေးပြီး  ဒီနေ့ ဇူလိုင် ၂၀ ရက်‌မှာတော့ ကျန်းမာရေး ဆက်စပ်ပစ္စည်းဖြစ်တဲ့ အောက်ဆီဂျင်အိုးတွေတင်တဲ့ကား ၃ စီး ထွက်ဖို့ရှိတယ်လို့ မူဆယ်ယာဉ်ထိန်းရဲတပ်ဖွဲ့က သိရပါတယ်။

"ကုန်တင်ပြီးသားကားတွေ ပြန်ထွက်တာ။ ဝမ်တိန်ထဲမှာ ကုန်တင်ပြီးသားကားတွေပေါ့။ သူတို့ဆီမှာ ဂျူတီ ဆောင်ပြီးသားကား ၂၃ စီးထွက်တယ်" လို့ မူဆယ်ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး ဦးမျိုးမင်းသူက DVB ကို ပြောပါတယ်။ 

ဝမ်တိန်ဘက်ခြမ်းမှာ အခွန်ဆောင်ပြီး ပိတ်မိနေတဲ့ ကုန်တင်ကားတွေ ရှိနေသေးပေမဲ့  ဇူလိုင်လ ၂၀ ရက်မှာ  ဆေးဝါး ဆက်စပ်ပစ္စည်းကား ၃ စီးသာ ထွက်ခွင့်ပြုတာဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဝမ်တိန် ဘက်ခြမ်းမှာ အခွန်ဆောင်ပြီးသားကား‌တွေ အစီး ၃၀၀ လောက် ပိတ်မိနေသေးတယ်လို့ ကုန်တင်ပို့ဖို့ ကျင်စန်းကျော့လမ်းကြောဘက် ပိတ်မိနေတဲ့ ကုန်တင်ယာဉ်မောင်း ကိုထွန်းစိုးမင်းက DVB ကို ပြောပါတယ်။

မြန်မာ-တရုတ် နယ်စပ် ကျင်စန်းကျော့-ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာ အဝင်၊ အထွက်ဂိတ်ကို ကိုဗစ်ရောဂါအခြေအနေကြောင့် ကြိုတင်အကြောင်းကြားထားခြင်းမရှိဘဲ ဇူလိုင် ၈ ရက်နေ့ နေ့လယ်ပိုင်းက တရုတ်ဘက်က လုံးဝ ပိတ်လိုက်တာ ဖြစ်ပါတယ်။ 

မြန်မာဘက်ခြမ်းမှ တရုတ်နိုင်ငံကို ကုန်တင်ပို့မယ့် ကုန်တင်ကားတွေဟာ မော်တောင်း-၁၀၅ မိုင်၊ ၁၀၅ မိုင် - ကျင်စန်းကျော့နဲ့ ၁၀၅ မိုင် - ကြူကုတ်(ပန်ဆိုင်း) လမ်းကြောတွေမှာ အစီး ၃၀၀၀ ကျော် ပိတ်မိနေတာ ဖြစ်ပါတယ်။ 

Photo - ကုန်တင်ယာဉ်မောင်းများ

5 mins Ago
Up