close

အောင်ဆီဂျင်ပြတ်လပ်

close

July 17, 2021

ပုသိမ်တွင် ကိုဗစ်လူနာ ၃၃ ဦး သေဆုံး၊ အများစုက အောက်ဆီဂျင်မရ၍ သေဆုံးခြင်းဖြစ်

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဇူလိုင် ၁၆ ရက်​နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၃ ဦး ​​သေဆုံးခဲ့ပြီး အများစုက အောက်ဆီဂျင်မရလို့ သေဆုံးတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။

ပြည်သူ့ဆေးရုံကြီးက ၁၇ ဦး၊ မဆရ-၄တောင်ပေါ်‌ဆေးရုံက ၁ ဦးနဲ့ နေအိမ်တွေက ၁၅ ဦး စုစုပေါင်း ၃၃ ဦးဖြစ်​တယ်လို့ သိရပါတယ်။

ပုသိမ်မြို့ခံတစ်ဦးက “အဓိက ​အောက်ဆီဂျင် မရလို့ ​သေဆုံးတာများတယ်။ ​အောက်ဆီဂျင်အတွက် လူမှုကူညီ​ရေးအဖွဲ့​တွေက လုပ်​ပေးတယ်၊ မြို့ခံတွေ၊ အလှူရှင်တွေက ​အောက်ဆီဂျင်လှူ​ပေးတာ​တွေလုပ်ပါတယ်။ အခုက မြို့မှာ ​အောက်ဆီဂျင်စက်ရုံ ဆောက်ဖို့ လုပ်​ဆောင်​နေတယ်” လို့ ​ပြောပါတယ်။

ပုသိမ်မြို့မှာ အခု​နောက်ပိုင်း ကိုဗစ်-၁၉​ ကြောင့် ​နေအိမ်တွေမှာ ​သေဆုံးမှု မြင့်တက်လာ​နေပြီး အများစုက ​အောက်ဆီဂျင်ပြတ်​ပြီး သေဆုံးကြတာလို့ ဆိုပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်းကာလ ဧရာ၀တီတိုင်း​မှာ ​ရောဂါဖြစ်ပွားမှုနဲ့ ​သေဆုံးနှုန်း မြင့်တက်လာနေပြီး ဇူလိုင် ၁ ရက်​နေ့ကနေ ၁၆ ရက်​နေ့အထိ​ သေဆုံးသူစုစုပေါင်း ၂၄၃ ဦးအထိ ရှိတယ်လို့ သိရပါတယ်။ ဒုတိယလှိုင်းကာလတုန်းကတော့ ကိုဗစ်-၁၉ ကြောင့် ​သေဆုံးသူ ၆၀ သာရှိတယ်လို့ တိုင်းကျန်းမာဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

2 mins Ago
Up