စစ်ကိုင်းမြို့မှာ ဇူလိုင် ၁၂ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅၀ ရှိလာတဲ့အတွက် အောက်ဆီဂျင်မလုံလောက်ဘူးလို့ ပရဟိတလုပ်ကိုင်တစ်ဦးက ပြောပါတယ်။
“အခု ကျနော်တို့ စစ်ကိုင်းမြို့ ပြည်သူဆေးကြီးက တစ်နေ့ကို အောက်ဆီဂျင် ၁၀ လုံးလောက်ကုန်နေတယ်။ တစ်ချို့ ကိုဗစ်ကူးစက်သူတွေ ဆေးရုံမလာဘူး၊ သူတို့နေအိမ်တွေမှာ ကု သနေတယ်။ တစ်ချို့က အောက်ဆိဂျင်တွေ ဆောင်ထားတယ်။ ကျနော်တို့ စစ်ကိုင်းမှာ အောက်ဆီဂျင်ပေးတဲ့ စက်ရုံတစ်ရုံနဲ့ အပြင်ဆိုင်တစ်ခုပဲရှိ တယ်။ အောက်မြင့်မြတ်နဲ့ ပါရမီစက်ရုံက ထုတ်ပေးနေတယ်။ အခုက ပါရမီစက်ရုံက ဆေးရုံအတွက်ပဲ ပေးတော့တယ်၊ အပြင်လူနာအတွက် မရတော့ဘူး။ အောက်ဆီဂျင်စက်ရုံ စစ်ကိုင်းမှာ ဆောက်လုပ်ဖို့ စီစဉ်နေတယ်။”
စစ်ကိုင်းမြို့ ဇူလိုင် ၁၂ ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅၀၊ ဆေးရုံဆင်းသူ ၇၉ ဦးနဲ့ သေဆုံးသူ ၆ ဦး ရှိပြီလို့ စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံစာရင်းတွေအရ သိရပါတယ်။