close

အောင်မြေသာစံမြို့နယ်

close

August 7, 2022

အောင်မြေသာစံမြို့နယ်တွင် ဆန္ဒပြမည့် အမျိုးသားတဦး ပစ်သတ်ခံရ

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၈၂ လမ်း၊ ၁၆ လမ်း နဲ့ ၁၇ လမ်းကြားမှာ ဩဂုတ် ၇ ရက် နေ့လယ် ၂ နာရီခွဲလောက်က စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား တယောက် သေဆုံးခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြဖို့ ၁၅ လမ်း နဲ့ ၈၇ လမ်းမှာ လူစုနေတာကို စစ်ကောင်စီ တပ်က ဖမ်းဆီးဖို့ လုပ်ရင်း ထွက်ပြေးရာကနေ ပစ်ခံရတာလို့ မြို့ခံတွေက ပြောပါတယ်။

အမျိုးသား ၂ ယောက် ဆိုင်ကယ်နဲ့ မောင်းပြေးတာကို စစ်ကောင်စီတပ်သားတွေက လိုက်လံ ပစ်ခတ်ဖမ်းဆီးတာဖြစ်ပြီး တဦး လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

အောင်မြေသာစံမြို့နယ်မှာ နေထိုင်သူတဦးက “ပစ်တာ ဘာအကြောင်းနဲ့ လိုက်ပစ်တယ်ဆိုတာတော့ မသိဘူး။ တယောက်ကတော့ လွတ်သွားပြီး တယောက်က ကျည်မှန် သေသွားတယ်” လို့ ပြောပါတယ်။

သေဆုံးသူဟာ အသက် ၃၀ ကျော်အရွယ် ဖြစ်ပြီး ကျောမှာ ကျည်မှန်ပြီး ဖောက်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ သိရပါတယ်။

9 mins Ago

June 16, 2022

အောင်မြေသာစံမြို့နယ်၌ မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီး ၁ ဦး မီးခိုးမွှန် သေဆုံး

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၁၇ လမ်းနဲ့ ၁၈ လမ်းကြား၊ ၈၇ လမ်းနဲ့ ၈၈ လမ်းကြား နေအိမ်တအိမ်မှာ  ဇွန် ၁၆ ရက် မနက် ၅ နာရီက မီးလောင်မှုဖြစ်ပြီး အမျိုးသမီး တယောက် သေဆုံးသွားပါတယ်။

နံရံကပ်ပန်ကာအပူလွန်ကဲရာကနေ မီးလောင်မှုစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး  နေအိမ်အပေါ်ထပ်ရှိ ၆၇ နှစ် အရွယ်အမျိုးသမီး တယောက် မီးခိုးမွှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရပ်ကွက်နေပြည်သူ တဦးက “မီးလောင်တာက အိမ်တအိမ်ထဲ။ မနက်ပိုင်းဆိုတော့ အိပ်ကောင်းနေတဲ့အချိန်ဖြစ်တာ။ စုစုပေါင်း အိမ်မှာ ၅ ယောက်လောက်ရှိမယ်။ အိမ်အပေါ်ထပ်က မိန်းမကြီးက မီးခိုးမွှန်ပြီး ဆုံးသွားတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် အသက် ၄၀ နှစ် အရွယ် အမျိုးသားတယောက်လည်း ပါး၊ ခြေထောက်တို့မှာ ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်တစ်စီးနဲ့  အတွင်းပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

2 months Ago
Up