close

အောင်မြေသာစံ

close

January 12, 2022

အောင်မြေသာစံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်၊ ဒုအရာခံဗိုလ်တစ်ဦး ဒဏ်ရာရ

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ လမ်း ၈၀၊ ၉ လမ်းနဲ့ ၁၀ လမ်းကြားရှိ အမရဌာနီအ​နောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဇန်နဝါရီ ၁၂ ရက် မနက် ၈ နာရီဝန်းကျင်က လက်လုပ်မိုင်းကွဲခဲ့ပါတယ်။

လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် လုံခြုံရေးတာဝန်ကျ ဒုအရာခံဗိုလ်တဦး နဖူးပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ရုံးအဆောက်အဦ အမိုးတချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

ရပ်ကွက်နေပြည်သူတဦးက “မနက်က ဗုံးသံကြားလိုက်ရတာ အစက ရဲစခန်းမှာလို့ ထင်တာ။ နောက်မှ ရပ်ကွက်ရုံးမှာ ကွဲတာမှန်းသိတာ။ ရပ်ကွက်ရုံးနဲ့ အမှတ် ၄ ရဲစခန်းက နီးတယ်။ လုံခြုံရေး စစ်သားတယောက် နဖူးကွဲသွားတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မနက် ၁၀ နာရီလောက်ကလည်း မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အ​နောက်ရပ်ကွက် အုပ်ချုပ်​​ရေးရုံး လက်လုပ်ဗုံးနဲ့ ပစ်ခံရပြီး ပေါက်ကွဲမှုမဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

2 weeks Ago

September 15, 2021

မန္တလေးက အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရ

စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် နေ့စဉ်ချီတက်နေတဲ့ မန္တလေးမြို့က အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းဟာ စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းက ပစ်ခတ်ဖြိုခွင်းခံခဲ့ရပါတယ်။

အောင်မြေသာစံမြို့နယ် ၈၁ လမ်း၊ ၁၄ လမ်း နဲ့ ၁၅ လမ်းကြားမှာ အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက်ဖို့ ပြင်စဉ်နေတဲ့အချိန် စစ်ကောင်စီ တပ်သားတွေရဲ့ လှည့်ကင်းနဲ့ ထိပ်တိုက်တွေ့ခဲ့တာလို့ သိရပါတယ်။

စစ်ကြောင်းမှာပါဝင်သူတဦးက “စစ်ကြောင်းချီတက်ဖို့ လုပ်နေတဲ့အချိန် လှည့်ကင်းနဲ့တွေ့ တိုးတဲ့ပုံစံ။ ကျနော်တို့က တပြကျော်ကျော်လောက်က လှမ်းမြင်နေရတာဆိုတော့ အချိန်မီ လူစုခွဲနိုင်ခဲ့တယ်။ သူတို့ဘက်က သေနတ်တွေနဲ့ ပစ်တာရှိတယ်” လို့ ပြောပါတယ်။

အဲ့ဒီလို အချိန်မီလူစုခွဲနိုင်ခဲ့တဲ့အတွက် စစ်ကြောင်းမှာပါတဲ့သူတွေ ဖမ်းဆီးခံရတာနဲ့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

5 months Ago
Up