close

အောင်လံမြို့နယ်

close

August 23, 2021

အောင်လံမြို့နယ်တွင် အန်အယ်လ်ဒီပါတီဝင် ၂ ဦးဖမ်းဆီးခံရ

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)  ပါတီ တိုင်းဒေသကြီး အလုပ်အမှုဆောင်တစ်ယောက်နဲ့ မြို့နယ်အလုပ်အမှုဆောင်တစ်ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။ 

အောင်လံမြို့နယ် ရွှေပန်းတောကျေးရွာမှာ သြဂုတ် ၂၁ ရက် မနက်ပိုင်းက အန်အယ်လ်ဒီပါတီ မြို့နယ်အလုပ်အမှုဆောင် ကိုကေကေး (ခ) ကိုကျော်စိုးဝင်းကို စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားတာလို့ သူနဲ့နီးစပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပန်းမတကျေးရွာမှာလည်း သြဂုတ် ၂၂ ရက် ညနေ ၄ နာရီလောက်က အန်အယ်လ်ဒီ ပါတီရဲ့ တိုင်းဒေသကြီး အလုပ်အမှုဆောင် ကိုကျော်ဆန်းထူးကို စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားတယ်လို့လည်း ဆိုပါတယ်။

ကိုကျော်ဆန်းထူးဟာ ကျန်းမာရေးမကောင်းသူဖြစ်ပြီး ဘာကြောင့် ဘယ်နေရာကို ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းအသေးစိတ် အချက်အလက်တွေကတော့ မသိရသေးပါဘူး။

1 min Ago

September 25, 2020

အောင်လံမြို့နယ်၌  ရန်ကုန်ပြန် အမျိုးသား ၁ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်မှာ ရန်ကုန်ကပြန်လာတဲ့ အမျိုးသားတစ်ဦး စက်တင်ဘာ ၂၄ ရက် ညပိုင်းက ကိုဗစ်-၁၉  ကူးစက်ခံရတယ်လို့ တိုင်းဒေကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက "အောင်လံမြို့နယ် ပြလို့ကျေးရွာ Quarantine စင်တာမှာ Facility Quarantine ပြုလုပ်ထားတဲ့ အသက် ၂၀ နှစ်အရွယ် ရန်ကုန်ကပြန်လာတဲ့ အမျိုးသားတစ်ဦးကို နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်တွေရယူပြီး ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ အဲဒီအတည်ပြုလူနာဟာ အောင်လံမြို့နယ် ထောက်ကြံ့တိုင် ကျေးရွာဇာတိဖြစ်ပြီးတော့ အောင်လံမြို့နယ်ပြည်သူ့ဆေးရုံမှာ သီးခြားကုသပေးမှာဖြစ်ကာ လူနာနဲ့ဆက်စပ်တဲ့သူတွေကို ဖော်ထုတ်ပြီး ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက နတ်မောက်မြို့နယ်နဲ့ မြို့သစ်မြို့နယ်က အတည်ပြုလူနာနှစ်ဦးကို ကျန်းမာရေးကောင်းမွန်တဲ့ အတွက် ဆေးရုံဆင်းခွင့်ပြုလိုက်ပြီး Quarantine စင်တာမှာ ၇ ရက်ထားရှိမှာဖြစ်ပါတယ်။ မကွေးတိုင်းမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉ ဦး တွေ့ရှိထားပြီး ၃ ဦးရောဂါပိုးကင်းစင်ကာ ၇ ဦးဆေးရုံဆင်းခွင့်ရရှိပြီလို့ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကနေ သိရပါတယ်။ သတင်း-မင်းထီး
11 months Ago
Up