close

အောင်လံလွှင့်ချီ နွေဦးထီ

close

March 1, 2022

အောင်လံလွှင့်ချီနွေဦးထီက ကျပ်သိန်း ၁၀၀ ဆု ၁ ဆုနှင့် ၁၅ သိန်းဆု ၅၀ ကျော်ထိ ချီးမြှင့်နိုင်

“အောင်လံလွှင့်ချီ နွေဦးထီ” ဖွင့်ပွဲကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွက် ကံထူးရှင်တွေ ရွေးချယ်ရာမှာ ကျပ်သိန်း ၁၀၀ ဆု ၁ ဆုနဲ့ ၁၅ သိန်းဆု ၅၃ ခုအထိ ချီးမြှင့်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ထီပေါက်စဉ်ကိုတော့ ဒီကနေ့ မတ် ၁ ရက်က စတင်ကာ နွေဦးထီ Chatbot ကတဆင့် ကြည့်ရှုနိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ရောင်းချနေတဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွက် “အောင်လံလွှင့်ချီ နွေဦးထီ”မှာတော့ သိန်း ၁၀၀ ဆု ၁ ဆုနဲ့ ၁၅ သိန်းဆု ၄၉ ဆုကို ချီးမြှင့်နိုင်ခဲ့တာပါ။

အဆိုပါ ကျပ်သိန်း ၁၀၀ ကံထူးရှင်က သူရရှိတဲ့ ဆုကြေးငွေတွေထဲက ကျပ် ၁၀ သိန်းကို ပြန်လည်လှူဒါန်းခဲ့ပြီး အထူးငွေတိုက်စာချုပ် ဒေါ်လာ ၁၀၀၀ တန်ကို ဝယ်ယူသွားခဲ့တယ်လို့ သိရပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့မှာ စတင်ရောင်းချခဲ့တာဖြစ်ပြီး  ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွက် နွေဦးထီ ကျပ်သိန်း ၁၀၀ ကံထူးရှင်ကတော့ သူရရှိတဲ့ ဆုမဲငွေ သိန်း ၁၀၀ ကျပ်လုံးကို စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ပြန်လည်လှူဒါန်းပေးခဲ့တာကို တွေ့ရပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ နွေဦးထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အား ပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီးထောင်ချသွားမယ်လို့ ခြိမ်းခြောက် ကြေညာထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့ အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေ ရောင်းချဖို့ အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေပေမယ့် ခုချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

7 mins Ago

December 30, 2021

အောင်လံလွှင့်ချီ နွေဦးထီ မနက်ဖြန်ဖွင့်မည်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရောင်းချခဲ့တဲ့ ဒီဇင်ဘာလအတွက် “အောင်လံလွှင့်ချီ နွေဦးထီကို မနက်ဖြန် ဒီဇင်ဘာ ၃၁ ရက်မှာ ဖွင့်လှစ်သွားဖို့ရှိနေပါတယ်။

ပြည်သူတွေရဲ့ ဝန်းရံမှုနဲ့အတူ နွေဦးထီဟာ Pilot Project ကနေ Commercial Launch အဆင့်ကို ရောက်ရှိခဲ့ပြီး အခက်အခဲအကျပ်အတည်းတွေကြားကနေ တော်လှန်ရေး အောင်စိတ်အပြည့်နဲ့ နွေဦးထီ ကိုအားပေးကြတဲ့ မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်း စီကို ကျေးဇူးအထူးတင်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွက် “အောင်လံလွှင့်ချီ နွေဦးထီ”ပေါက်သူ ကံထူးရှင် ၇၈ ယောက်ရှိခဲ့ပြီး  အဲဒီထဲက ဆုမဲပေါက်သူ ၅၅ ယောက်က ဆုကြေးတွေကို ပြန်လည်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီအရင်လတုန်းက စမ်းသပ်ရောင်းချခဲ့တဲ့ နွေဦးထီကံထူးရှင်ရွေးချယ်ပွဲမှာတော့ ကံထူး သူ ၇၅ ယောက်ထဲက ၆၃ ယောက်က တော်လှန်ရေးအတွက် ပြန်လည်လှူဒါန်းပေးခဲ့တာ ဖြစ်ပြီး နွေဦးထီ မိသားစုရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကတော့ နွေဦးတော်လှန်ရေး အောင်ပွဲကို အမြန်ဆုံးရယူနိုင်ဖို့ဆိုရင် အကြမ်းဖက်စစ်တပ်ကို ဘက်ပေါင်းစုံက အရှိန်မြှင့်တင် ဖိအားပေးနေဖို့ လိုအပ်တာ ကြောင့် ရှုထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံက ဟန်ချက်ညီစွာ ဖက်ဆစ် စစ်တပ်ကို အနားလုံးဝမပေးဘဲ တိုက်ပွဲဝင်နေကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ အထူးငွေတိုက်စာချုပ်တွေကိုလည်း  နိုဝင်ဘာ ၂၂ ရက်နေ့မှာ စတင်ရောင်းချခဲ့တာကိုလည်း တွေ့ရပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာ ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့မှာ စတင် ရောင်း ချခဲ့တာဖြစ်ပြီး  ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာ ထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ အဆိုပါထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီး ထောင်ချသွားမယ်လို့ ခြိမ်းခြောက်ကြေညာထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့  အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေပေမယ့် ခုချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

2 months Ago
Up