close

အောင်သပြေ

close

January 13, 2023

အောင်ပွဲနှင့်ပြန်လာသည့် PDF များကို ပြည်သူထောင်နဲ့ချီ အောင်သပြေများဖြင့်ကြိုဆို (ဓာတ်ပုံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတလျှောက် ကုန်းကြောင်း၊ ရေကြောင်း ထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲ တစ်လနီးပါး ကြာမြင့်ခဲ့ပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့တွေ အောင်ပွဲဆင်နိုင်ခဲ့တယ်လို့ Myanmar defense force က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ပထမပတ် ကတည်းက ကနီမြို့နယ် ချင်းတွင်း မြစ်ကြောင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား စတင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်သား ၅၀ ကျော် သေဆုံးကာ လက်နက်ကြီး၊ငယ်တွေလည်း သိမ်းဆည်းရမိသလို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် ၅ ဦးကျဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆရာစံ -PDF ကပြောပါတယ်။

စစ်ကောင်စီတပ်တွေ အရှုံးနဲ့ ပြန်ဆုတ်သွားပြီး‌နောက် အောင်ပွဲနဲ့ပြန်လာကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ကနီမြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ လောက်က ပြည်သူ ထောင်ချီဟာ စုရပ် ၇ ခုမှာ စုဝေးကာ အောင်သပြေပန်း၊ အိုးစည်ဒိုးပတ် အကအခုန်တွေနဲ့ သောင်းသောင်းဖြဖြကြိုဆိုကြပြီး၊ အစားအသောက် ဧည့်ခံ ကျွေးမွေးတာနဲ့ တော်လှန်ရေးထောက်ပံ့ငွေတွေ လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

အောင်ပွဲပြန် ကြိုဆိုပွဲကို MDF နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၆ ဖွဲ့ လောက်က ပြည်သူ့ရဲဘော် ၁၀၀ ကျော် တက်ရောက်ကာ ပြည်သူ့မေတ္တာ ခံယူခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

1 min Ago

November 28, 2019

အောင်သပြေရွာသားများ ပြန်လည်လွတ်မြောက်ရောက်ရေး ဆန္ဒပြ (ဓာတ်ပုံ)

ဖမ်းဆီးထိန်းသိမ်းခံ အောင်သပြေကျေးရွာသားတွေ ပြန်လည်လွတ်မြောက်ရောက်ရေးနဲ့ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းရေးအတွက် ဒီကနေ့ ရန်ကုန်မြို့ကို လာရောက်ပြီး ရွာသူရွာသားတွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။  Photo - Mar Naw /MPA
3 years Ago
Up