အခုနှစ်ရဲ့ ၉၅ ကြိမ်မြောက် အော်စကာအကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ဖို့အတွက် ဆန်ခါတင်ရုပ်ရှင် ဇာတ်ကားတွေ စာရင်းကို ထုတ်ပြန်ကြေညာရာမှာ ဟောလိဝုဒ်စတား မင်းသမီးကြီး မီရှဲလ်ယို ပါဝင်သရုပ်ဆောင်ထားတဲ့ သိပ္ပံ စွန့်စားမှု အက်ရှင်ရုပ်ရှင်ကား - Everything Everywhere All at Once က အော်စကာဆန်ခါတင် ၁၁ ဆုနဲ့ အများဆုံး ဦးဆောင်နေပါတယ်။
သရုပ်ဆောင်မင်းသမီး မီရှဲလ်ယိုဟာ သိပ်မကြာသေးခင်က ဒီကားနဲ့ပဲ ရွှေကမ္ဘာလုံးဆု Musical or Comedy အမျိုးအစားမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားခဲ့တာဖြစ်ပြီး ခုတခါမှာလည်း အော်စကာဆု ဆန်ခါတင်စာရင်းမှာ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုအနေနဲ့ ပါဝင်လာခဲ့တာပါ။
Everything Everywhere All at Once ရုပ်ရှင်ဟာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဇာတ်ဆောင်မင်းသမီးဆုတွေအပါအဝင် ဆုပေါင်း ၁၁ ဆုနဲ့ အများဆုံး ဆန်ခါတင်စာရင်း ဝင်နေခဲ့တာဖြစ်ပြီး သူ့နောက်မှာတော့ All Quiet on the Western Front နဲ့ The Banshees of Inisherin ရုပ်ရှင်တွေက ဆု ၉ ဆုစီနဲ့ အများဆုံး ဆန်ခါတင်စာရင်းမှာ ပါဝင်လာကြတာ ဖြစ်ပါတယ်။
အကောင်းဆုံး ဇာတ်ကားဆုဆန်ခါတင်စာရင်းမှာတော့ Everything Everywhere All at Once ရုပ်ရှင်နဲ့အတူ All Quiet on the Western Front ၊ Avatar: The Way of Water ၊ The Banshees of Inisherin ၊ Elvis ၊ The Fabelmans ၊ Tár ၊ Top Gun: Maverick ၊ Triangle of Sadness ၊ Women Talking စတဲ့ ဇာတ်ကား ၁၀ ကားတိတိ ပါဝင်နေတာ ဖြစ်ပါတယ်။
ဒါရိုက်တာဆု ဆန်ခါတင်စာရင်းမှာတော့ ဟောလိဝုဒ်နာမည်ကြီး ရုပ်ရှင် ဒါရိုက်တာ Steven Spielberg က The Fabelmans ရုပ်ရှင်နဲ့ ပါဝင်လာခဲ့ပြီး သူနဲ့အတူ The Banshees of Inisherin ရုပ်ရှင်ကားရဲ့ ဖန်တီး ရှင် Martin McDonagh ၊ Everything Everywhere All at Once ရုပ်ရှင်ကားဖန်တီးရှင် ဒါရိုက်တာတွေ ဖြစ်ကြတဲ့ Daniel Kwan, Daniel Scheinert ၊ Tár ရုပ်ရှင်ကား ဒါရိုက်တာ Todd Field နဲ့ Triangle of Sadness ရုပ်ရှင်ကားရဲ့ ဖန်တီးရှင် ဒါရိုက်တာ Ruben Östlund တို့ ပါဝင်လာခဲ့တာပါ။
အကောင်းဆုံး သရုပ်ဆောင်မင်းသားဆု ဆန်ခါတင်စာရင်းမှာတော့ Elvis ဇာတ်ကားနဲ့ သရုပ်ဆောင်မင်းသား Austin Butler ၊ The Banshees of Inisherin ဇာတ်ကားနဲ့ သရုပ်ဆောင်မင်းသား Colin Farrell ၊ The Whale ရုပ်ရှင်ကားနဲ့ သရုပ်ဆောင်မင်းသား Brendan Fraser ၊ Aftersun ဇာတ်ကားနဲ့ သရုပ်ဆောင်မင်းသား Paul Mescal နဲ့ Living ဇာတ်ကားနဲ့ သရုပ်ဆောင်မင်းသား Bill Nighy တို့ ပါဝင်နေတာ ဖြစ်ပါတယ်။
အကောင်းဆုံး သရုပ်ဆောင်မင်းသမီးဆု ဆန်ခါတင်စာရင်းမှာတော့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင် မင်းသမီးကြီး မီရှဲယိုက Everything Everywhere All at Once ရုပ်ရှင်ကားနဲ့ ဆန်ခါတင်စာရင်းထဲ ပါဝင်နေခဲ့ပြီး မင်းသမီးကြီး Cate Blanchett က Tár ရုပ်ရှင်၊ သရုပ်ဆောင်မင်းသမီး Ana de Armas က Blonde ရုပ်ရှင်၊ မင်းသမီး Andrea Riseborough က To Leslie ၊ သရုပ်ဆောင်မင်းသမီး Michelle Williams က The Fabelmans ရုပ်ရှင်တွေနဲ့ အသီးသီး ပါဝင်နေကြတာပါ။
ဒါ့အပြင် အန်နီမေးရှင်းဇာတ်ကားဆု၊ ဖြစ်ရပ်မှန်ဇာတ်ကားဆု၊ အဝတ်အစားဒီဇိုင်း၊ ရုပ်ရှင် တည်းဖြတ်ဆု၊ နိုင်ငံခြားဘာသာဇာတ်ကားဆု၊ မိတ်ကပ်နဲ့ ဆံပင်စတိုင်ဆု၊ ဂီတဆု၊ ထုတ်လုပ်မှု ဒီဇိုင်းဆု၊ ဇာတ်လမ်းတိုဆု၊ အသံတည်းဖြတ်ဆု၊ ဇာတ်ညွန်းဆု စတဲ့ ဆုတွေအတွက် ရွေးချယ်ခံရတဲ့ စာရင်းကိုလည်း ထုတ်ပြန်ထားပြီး လာမယ့် မတ်လ ၁၂ ရက်မှာ ဆုချီးမြှင့်ပွဲကို ကျင်းပသွားမယ်လို့ ဆိုပါတယ်။
အခုနှစ်ရဲ့ အော်စကာအကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ဖို့အတွက် ဆန်ခါတင်ရုပ်ရှင် ဇာတ်ကားတွေ စာရင်းကို ဖေဖော်ဝါရီ ၈ ရက် မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
နယူးဇီလန်အမျိုးသမီးဒါရိုက်တာ ဂျိန်းကမ်ပီယန် ရိုက်ကူးတဲ့ The Power of the Dog ရုပ်ရှင်ကတော့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ မင်းသားဆုတွေအပါအဝင် ဆုပေါင်း ၁၂ ဆုနဲ့ အများဆုံး ဆန်ခါတင်စာရင်းဝင်နေခဲ့တာဖြစ်ပြီး သူ့နောက်မှာတော့ Dune ရုပ်ရှင်က ၁၀ ဆု၊ Belfast နဲ့ West Side Story ရုပ်ရှင်ကားတွေက ဆု ၇ ဆုစီနဲ့ အများဆုံး ဆန်ခါတင်စာရင်းမှာ ပါဝင်လာကြတာ ဖြစ်ပါတယ်။
အကောင်းဆုံး ဇာတ်ကားဆုဆန်ခါတင်စာရင်းမှာတော့ The Power of the Dog ရုပ်ရှင်နဲ့ အတူ Belfast ၊ CODA ၊ Don't Look Up ၊ Drive My Car ၊ Dune ၊ King Richard ၊ Licorice Pizza ၊ Nightmare Alley ၊ West Side Story စတဲ့ ဇာတ်ကား ၁၀ ကားတိတိ ပါဝင်နေတာ ဖြစ်ပါတယ်။
ဒါရိုက်တာဆု ဆန်ခါတင်စာရင်းမှာတော့ ဗြိတိန်ရုပ်ရှင် ဒါရိုက်တာ Kenneth Branagh က Belfast ရုပ်ရှင်နဲ့ ပါဝင်နေခဲ့ပြီး ဂျပန်ရုပ်ရှင်ဒါရိုက်တာ Ryusuke Hamaguchi ကတော့ Drive My Car ရုပ်ရှင်နဲ့ ပါဝင်နေခဲ့တာပါ။ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Paul Thomas Anderson ကတော့ Licorice Pizza ရုပ်ရှင်နဲ့ ဆန်ခါတင်ဆုထဲ ပါဝင်လာခဲ့ပြီး နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာ Steven Spielberg ကတော့ West Side Story နဲ့ ပါဝင်နေခဲ့ကာ The Power of the Dog ရဲ့ ဖန်တီးရှင် ဒါရိုက်တာ Jane Campion ကတော့ တဦးတည်းသော ဆန်ခါတင်စာရင်းဝင် အမျိုးသမီး ဒါရိုက်တာ ဖြစ်လာခဲ့တာပါ။
အကောင်းဆုံး သရုပ်ဆောင်မင်းသားဆု ဆန်ခါတင်စာရင်းမှာတော့ Being the Ricardos ရုပ်ရှင်ကားနဲ့ စပိန်သရုပ်ဆောင်မင်းသား Javier Bardem ၊ The Power of the Dog ရုပ်ရှင်ကားနဲ့ ဗြိတိန် သရုပ်ဆောင်မင်းသား Benedict Cumberbatch ၊ tick, tick... BOOM! ရုပ်ရှင်ကားနဲ့ ဗြိတိန်-အမေရိကန်သရုပ်ဆောင်မင်းသား Andrew Garfield ၊ King Richard ရုပ်ရှင်ကားနဲ့ အမေရိကန်လူမည်းသရုပ်ဆောင်မင်းသား Will Smith ၊ The Tragedy of Macbeth ရုပ်ရှင်ကားနဲ့ အမေရိကန်သရုပ်ဆောင်မင်းသား Denzel Washington တို့က ပါဝင်နေခဲ့ကြတာ ဖြစ်ပါတယ်။
အကောင်းဆုံး သရုပ်ဆောင်မင်းသမီးဆု ဆန်ခါတင်စာရင်းမှာတော့ အမေရိကန်သရုပ်ဆောင် မင်းသမီး Jessica Chastain က The Eyes of Tammy Faye ရုပ်ရှင်ကားနဲ့ ဆန်ခါတင်စာရင်းထဲ ပါဝင်နေခဲ့ပြီး ဗြိတိန်သရုပ်ဆောင်မင်းသမီး Olivia Colman က The Lost Daughter ရုပ်ရှင်၊ စပိန်သရုပ်ဆောင်မင်းသမီး Penélope Cruz က Parallel Mothers ရုပ်ရှင်၊ ဩစတေးလျသရုပ်ဆောင်မင်းသမီး Nicole Kidman က Being the Ricardos ရုပ်ရှင်၊ အမေရိကန်သရုပ်ဆောင်မင်းသမီး Kristen Stewart က Spencer ရုပ်ရှင်တွေနဲ့ အသီးသီး ပါဝင်နေကြတာပါ။
ဒါ့အပြင် အန်နီမေးရှင်းဇာတ်ကားဆု၊ ဖြစ်ရပ်မှန်ဇာတ်ကားဆု၊ အဝတ်အစားဒီဇိုင်း၊ ရုပ်ရှင် တည်းဖြတ်ဆု၊ နိုင်ငံခြားဘာသာဇာတ်ကားဆု၊ မိတ်ကပ်နဲ့ ဆံပင်စတိုင်ဆု၊ ဂီတဆု၊ ထုတ်လုပ်မှု ဒီဇိုင်းဆု၊ ဇာတ်လမ်းတိုဆု၊ အသံတည်းဖြတ်ဆု၊ ဇာတ်ညွန်းဆု စတဲ့ ဆုတွေအတွက် ရွေးချယ်ခံရတဲ့ စာရင်းကိုလည်း ထုတ်ပြန်ထားပြီး လာမယ့် မတ်လ ၂၇ ရက်မှာ ဆုချီးမြှင့်ပွဲကို ကျင်းပသွားမယ်လို့ ဆိုပါတယ်။