close

အော်သိုဒါ့က်စ်

close

December 3, 2022

အော်သိုဒါ့က်စ် ခရစ်ယာန်ဘုရားကျောင်းကို စုံစစ်းစစ်ဆေးမည်

မော်စကိုနဲ့ သမိုင်းကြောင်းအရ ဆက်နွှယ်နေတဲ့ အော်သိုဒါ့က်စ် ခရစ်ယာန်ဘုရားကျောင်းရဲ့ ဌာနခွဲတစ်ခုရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းစစ်ဆေးဖို့ ယူကရိန်း ထိပ်တန်းလုံခြုံရေး အရာရှိတွေက အမိန့်ထုတ်ထားကြောင်း သမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးက  ပြောကြားခဲ့ပါတယ်။

အဲဒီဘုရားကျောင်းရဲ့ မော်စကိုဌာနခွဲဟာ ယူကရိန်းရဲ့ အမြင့်မြတ်ဆုံးနေရာတွေထဲက တခုဖြစ်တဲ့ ကိယက်ဗ်ရှိ Pechersk Lavra အဆောက်အအုံကို စီမံအုပ်ချုပ်ခွင့် ရှိ မရှိ ကို စုံစမ်းစစ်ဆေးမှာဖြစ်တယ်လို့ ဇလန်စကီးက ပြောပါတယ်။ 

ရုရှားနိုင်ငံရှိ အော်သိုဒါ့က်စ် ဘုရားကျောင်းဟာ ကရင်မလင်အစိုးရရဲ့ ၉ လကြာ ယူကရိန်းကျူးကျော်စစ်ကို အလွန်အကျွံ ကျောထောက်နောက်ခံ ပေးထားတယ်။

သမ္မတ ဇလန်စကီးက“ရန်လိုနေတဲ့ ရုရှားနိုင်ငံအပေါ် မှီခိုနေတဲ့ ဘယ်သူကမှ ယူကရိန်းနိုင်ငံသားတွေကို ခြယ်လှယ်တာတို့၊ ယူကရိန်းကို အတွင်းကနေ အားနည်းသွားအောင် လုပ်တာတို့ လုံးဝလုပ်လို့မရတဲ့ အခြေအနေမျိုးကို ဖန်တီးပေးရပါမယ်”လို့ ဗီဒီယိုမိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

ယူကရိန်းမှာ မော်စကိုနဲ့ဆက်နွှယ်နေတဲ့ ဘုရားကျောင်းဟာ ပြီးခဲ့တဲ့မေလက ရုရှားမှာရှိတဲ့ အော်သိုဒါ့က်စ် ဘုရားကျောင်းနဲ့ တရားဝင်အဆက်အသွယ်ဖြတ်ခဲ့တယ် ဆိုပေမယ့် ယူကရိန်းနိုင်ငံသား အများအပြားက မယုံကြည်နိုင်ကြသေးပဲ ရုရှားနဲ့ လျှို့ဝှက်ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတယ် လို့ စွပ်စွဲထားပါတယ်။

ဒါ့အပြင် Pechersk Lavra အဆောက်အအုံကို အသုံးပြုခြင်း အပါအဝင် ဘုရားကျောင်းရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း စစ်ဆေးသွားဖို့ ရှိနေပါတယ်။ 

41 seconds Ago
Up