အဲဗာတန်နဲ့ မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မစတင်ခင်မှာ နှစ်သင်း စလုံးက ယူကရိန်းနိုင်ငံကို အားပေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။
ပွဲမစခင်မှာ မန်စီးတီးကစားသမားတွေ အားလုံးက ယူကရိန်းအလံနဲ့အတူ No War စစ်ပွဲအလိုမရှိ ဆိုတဲ့ စာသားပါ တီရှပ်တွေကို ဝတ်ဆင်ခဲ့ပါတယ်။
အဲဗာတန်အသင်းရဲ့ ပွဲထွက်ကစားသမား ၁၁ ဦးကတော့ ယူကရိန်းအလံငယ်တွေကို ပခုံးပေါ်မှာ ခြုံပြီး ကွင်းထဲဝင်လာခဲ့ကြတာပါ။
အဲဗာတန်အသင်းလူစာရင်းထဲမှာ ယူကရိန်းလက်ရွေးစင် နောက်ခံလူ မိုင်ကိုလန်ကိုပါဝင်သလို မန်စီးတီးမှာလည်း ဇင်ချင်ကိုတို့ ပါဝင်ပါတယ်။
အရန်လူစာရင်းမှာပါဝင်ခဲ့ကြတဲ့ ယူကရိန်းလက်ရွေးစင် ၂ ဦးဟာ တစ်ဦးကိုတစ်ဦး အားပေးနှစ်သိမ့်မှုတွေလုပ်ခဲ့ကြပြီး မန်စီးတီးနောက်ခံလူ ဇင်ချန်ကိုက မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့ပါတယ်။
အဲဗာတန်ပရိသတ်တွေဟာလည်း နောက်ခံလူ မိုင်ကိုလန်ရဲ့ ဓာတ်ပုံပါ ပိုစတာပေါ်မှာ “ငါတို့ဟာ ယူကရိန်းနဲ့အတူ ရပ်တည်တယ်” ဆိုတဲ့စာသား ရိုက်နှိပ်ထားတဲ့ ပိုစတာနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အဲဒီပွဲစဉ်မှာ မန်စီးတီးက အဲဗာတန်ကို ၁ ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး ယူကရိန်းကစားသမား ၂ ဦးက အရန်ခုံတန်းကနေပဲ ပွဲကို အားပေးခဲ့ကြပါတယ်။