ကွင်းလယ်လူတွေဖြစ်ကြတဲ့ အဲရစ်ဆင်နဲ့ ကတ်စမီရိုတို့ မပါဝင်နိုင်ရင်လည်း နိုင်ပွဲရယူနိုင်ဖို့လို အပ်ကြောင်း မန်ယူနည်းပြ အဲရစ်တန်ဟတ်က ပြောပါတယ်။
ကွင်းလယ်လူ ကတ်စမီရိုဟာ ၄ ပွဲ ပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်သေးသလို အဲရစ်ဆင်ဟာလည်း ဒဏ်ရာကြောင့်အနားယူနေရတာပါ။
နည်းပြတန်ဟတ်ဂ်ကတော့ အရည်အသွေးရှိတဲ့ကစားသမားနှစ်ဦး မပါဝင်နိုင်တာက အားနည်းချက်ရှိမယ်ဆိုတာ သိသာထင်ရှားတယ်ဆိုပေမဲ့ သူတို့ မပါဝင်နိုင်ရင်လည်း နိုင်ပွဲရယူနိုင်ဖို့လိုအပ်ကြောင်း ပြောခဲ့တာပါ။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲရူံး ၁ ပွဲသရေနဲ့ နိုင်ပွဲမရသေးပါဘူး။ ကတ်စမီရိုဟာ ဧပြီ ၁၆ ရက်မှာကစားမယ့် နောက်တမ်ဟမ်ဖောရက်စ်နဲ့ပွဲရောက်မှ ပြန်လည် ကစားနိုင်မှာပါ။
အဲရစ်ဆင်ကတော့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်လို့ မကြာခင်ပြန်ကစားနိုင် မယ်လို့သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်မှာ အဲရစ်ဆင်ရှိနေလို့ ခြေစွမ်းပြသနိုင်ဖို့ လွယ်ကူစေတယ်လို့ အသင်းဖော် ဖာနန်ဒက်စ်က ပြောပါတယ်။
အဲရစ်ဆင်ဟာ ဘောလုံးလက်ခံရယူပြီး ကောင်းမွန်တဲ့ပေးပို့မှုတွေ လုပ်နိုင်တာက တွဲဖက်အသင်းဖော် သူ့အတွက် လွတ်လွတ်လပ်လပ်နဲ့ တိုက်စစ်လိုက်ပါ ကစားခွင့်ရလာတာကို ဖာနန်ဒက်စ်က ရည်ညွှန်းပြောသွားတာပါ။
အသက် ၃ဝ နှစ်ရှိ ဒိန်းမတ်ကွင်းလယ်လူဟာ နှလုံးဖောက်တဲ့ရောဂါကြောင့် ကွင်းထဲလဲကျခဲ့ဖူးပေမဲ့ မနှစ်ကရာသီမှာ ဘောလုံးပြန်ကစားနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ်အသင်းမှာ ခြေစွမ်းပြခဲ့ပါတယ်။ ဒီနှစ်မှာတော့ မန်ယူအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ကွင်းလယ်မှာ ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။
မန်ယူကို ဒီနှစ်ရာသီမှာရောက်ရှိလာတဲ့ တခြားကစားသမားသစ်တွေဖြစ်တဲ့ မာတီနက်ဇ်၊ ကတ်စမီရိုနဲ့ မာလာစီယာ တို့ရဲ့သက်ရောက်မှုကိုလည်း ဖာနန်ဒက်စ်ကချီးကျူးသွားခဲ့ပါတယ်။