close

အဲရစ်တန်ဟတ်ဂ်

close

February 12, 2023

ဂရင်းဝုဒ်၏ အခြေအနေကို မန်ယူနည်းပြ အဲရစ်တန်ဟတ်ဂ် ဆွေးနွေး

မန်ယူနည်းပြ တန်ဟတ်ဂ်ဟာ အမှုတွေအားလုံးကနေ လွတ်မြောက်လာခဲ့တဲ့ ဂရင်းဝုဒ်ရဲ့ အခြေ အနေကို မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

သည်ဆန်းသတင်းစာရဲ့ အဆိုအရ နည်းပြတန်ဟတ်ဂ်ဟာ ဂရင်းဝုဒ်ရဲ့ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေ တွေကို တွေ့ဆုံမေးမြန်ခဲ့ပြီး အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်ခွင့်အတွက် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့အသင်းနဲ့ ပြန်လည်ပူးပေါင်းခွင့်က နည်းပြတန်ဟတ်ဂ်အပေါ်မူတည်မနေဘဲ အသင်းရဲ့ ဆုံးဖြတ်ချက်ကသာအတည်ဖြစ်တယ်လို့ သိရပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အသင်းတွင်းမှာပဲ ဖြေရှင်းနေပြီး ဘယ်လိုဆက်လုပ်မလဲဆိုတာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

အသက် ၂၁ နှစ်ရှိ အင်္ဂလန်တောင်ပံတိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ နှစ်က အမျိးသမီးတစ်ဦးကို အဓမ္မကျင့်ရန်ကြိုးပမ်းမှု၊  အတင်းအကျပ်ပြုလုပ်မှု၊ ထိခိုက်နာကျင်စေမှုတွေနဲ့ တရားစွဲခံရပေမဲ့ အခုလဆန်းပိုင်းက ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

5 mins Ago
Up