close

အဲရစ်ဘိုင်ယီ

close

October 11, 2021

မန်ယူတွင် နေရာမရသည့် ကစားသမား ၄ ဦးကို ခေါ်ယူရန် နယူးကာဆယ်အသင်း ကြိုးပမ်း

နယူးကာဆယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်မှာ ပွဲထွက်ခွင့်နည်းပါးနေတဲ့ ကစားသမား ၄ ဦးကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ 

Mirror သတင်းစာရဲ့အဆိုအရ နယူးကာဆယ်အသင်းဟာ ယူနိုက်တက်ကွင်းလယ်လူတွေဖြစ်တဲ့ ဂျီဆီလင်ဂတ်နဲ့ ဗန်ဒီဘိခ်၊ တိုက်စစ်မှူးမာစီယယ် နဲ့ နောက်ခံလူ အဲရစ်ဘိုင်ယီတို့ကို ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ဆိုပါတယ်။ 

လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်မယ်လို့ သိရပါတယ်။ 

အသက် ၂၄ နှစ်ရှိ ဟော်လန်ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ပွဲထွက်ခွင့်နည်းပါနေလို့ အသင်းကနေ ထွက်ခွာချင်သူဖြစ်ပြီး လင်ဂတ်နဲ့ တိုက်စစ်မှူးမာစီယယ်ကိုလည်း ယူနိုက်တက်က ရောင်းချဖို့ရှိနေပါတယ်။ နောက်ခံလူ ဘိုင်ယီဟာလည်း နည်းပြဆိုးလ်ရှားလက်ထက်မှာ ပွဲထွက်ခွင့်မရတာကြောင့် အသင်းပြောင်းရွှေ့ဖို့ ရှိနေတာဖြစ်ပါတယ်။ 

နယူးကာဆယ်အသင်းကို ဆော်ဒီအိမ်ရှေ့မင်းသား ဦးဆောင်တဲ့အဖွဲ့က ပေါင် ၃၀၅ သန်းနဲ့ ဝယ်ယူပြီးတဲ့နောက်မှာ ကစားသမားကောင်းတွေကို ခေါ်ယူသွားဖို့ ရှိနေပါတယ်။

11 mins Ago

May 4, 2020

ကိုရိုနာကာလ သီးသန့်ခွဲ အတူနေရမည့်သူအဖြစ် ဘိုင်ယီကို ပေါ့ဘာ ရွေးချယ်

ကိုရိုနာဗိုင်းရပ်စ်ကာလမှာ မန်ယူအသင်းဖော်တွေထဲက တဦးနဲ့ သီးသန့်ခွဲခြား နေထိုင်ရ မယ်ဆိုရင် အဲရစ်ဘိုင်ယီကို ရွေးချယ်မယ်လို့ ပေါ့ဘာက ပြောလိုက်ပါတယ်။  ပေါ့ဘာနဲ့ မန်ယူကစားသမားတွေဟာ လက်ရှိအချိန်မှာ လေ့ကျင့်ခန်းပြန်ဆင်းခွင့်မရသေး တာကြောင့် အိမ်မှာပဲ နေထိုင်လေ့ကျင့်နေရတာပါ။  အသင်းရဲ့ မီဒီယာနဲ့ အင်တာဗျူးတခုမှာတော့ ယူနိုက်တက်အသင်းဖော်တွေထဲက တဦးနဲ့ သီးသန့်ခွဲခြားပြီး နေထိုင်ရမယ်ဆိုရင် ဘယ်သူနဲ့ နေမှာလဲဆိုတဲ့ မေးခွန်း မေးမြန်းခဲ့တာပါ။  ဗိုင်းရပ်စ်ကာလအတွင်းမှာ အသင်းကစားသမားတွေအားလုံးနဲ့ အဆက်အသွယ်မပြတ်ဘဲ စကားပြောခဲ့ကြတယ်လို့ ပေါဘာက ပြောပါတယ်။  အဲဒီထဲက တဦးနဲ့ သီးသန့် နေရမယ်ဆိုရင် နောက်ခံလူ အဲရစ်ဘိုင်ယီကို ရွေးချယ်မှာဖြစ်ပြီး သူက တချိန်လုံးရယ်စရာတွေ ပြောတက်တာကြောင့်ဖြစ်တယ်လို့ ပေါ့ဘာကပြောပါတယ်။ အိမ်မှာပဲ နေထိုင်ရတဲ့အချိန်မှာ ကြံ့ခိုင်မူကောင်းမွန်လာဖို့ လုပ်ဆောင်နေပြီး ကျန်းမာအောင်နေတယ်လို့လည်း ပေါ့ဘာက ပြောကြားခဲ့ပါတယ်။ 
1 year Ago
Up