close

အဲရစ်ဘိုင်လီ

close

September 8, 2022

မန်ယူနိုက်တက်အသင်း အင်္ဂလိပ်ကစားသမားများကို ဦးစားပေးဟု နောက်ခံလူ ဘိုင်လီ ဝေဖန်

မန်ယူနိုက်တက်အသင်းမှာ အင်္ဂလိပ်ကစားသမားတွေကို ဦးစားပေး ပွဲထွက်ကစားနေကြောင်း နောက်ခံလူ အဲရစ်ဘိုင်လီက ဝေဖန်ပြောကြားလိုက်ပါတယ်။

အိုင်ဗရီကို့စ်နောက်ခံလူ ဘိုင်လီဟာ အသင်းမှာ ပွဲထွက်ခွင့်မရခဲ့တာကြောင့် ပြင်သစ်ကလပ် မာဆေးအသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေသူပါ။

မန်ယူအသင်းမှာ ကစားသမားတွေအားလုံးရဲ့ ခြေစွမ်းကိုကြည့်ပြီး ပွဲထွက်ခွင့်ပေးတာ မဟုတ်ဘဲ အင်္ဂလိပ်ကစားသမားတွေကို ပိုပြီး ဦးစားပေး ပွဲထွက်ကစားစေကြောင်း ဘိုင်လီက ဝေဖန်ခဲ့တာပါ။

“အင်္ဂလိပ်လက်ရွေးစင်တွေကို ပိုပြီး ဦးစားပေးတယ်ဆိုတဲ့ ခံစားချက် ကျနော့်မှာရှိတယ်။ ဒါမျိုးက ချဲလ်ဆီးအသင်းမှာ တွေ့ရမှာမဟုတ်သလို တခြား ထိပ်တန်းကလပ်တွေမှာလည်း မရှိပါဘူး။ တချို့က ပွဲထွက်ခွင့် အာမခံချက်ရှိနေပြီး ဒါက အသင်းကို အားနည်းစေတယ်။ ကံကောင်းစွာနဲ့ပဲ အဲရစ်တန်ဟတ်ဂ်ကတော့ စရိုက်လက္ခဏာကောင်းတွေရှိပြီး အသင်းရဲ့ အစဉ်အလာကို ပြုပြင်ပြောင်းလဲနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ အဲရစ်ဘိုင်လီက ပြောပါတယ်။

ဘိုင်လီရဲ့ ဝေဖန်မှုအပေါ် ယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင် နည်းပြတန်ဟတ်ဂ်ကို မေးမြန်းရာမှာတော့ သူ့လက်ထက်မှာ အဲဒီလိုမရှိစေရကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

36 seconds Ago

September 26, 2020

ဘိုင်လီ ဘောလုံးပြန်ကစားနိုင်မှု ကြီးမားသည့်ဆုလာဘ်ဟု ဆိုးလ်ရှားပြော

အဲရစ်ဘိုင်လီ ပြန်ကစားနိုင်တော့မှာက အလွန်ကြီးမားတဲ့ ဆုလာဘ်တစ်ခုဖြစ်တယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ပြောပါတယ်။  မန်ယူအသင်းဟာ ခံစစ်ပိုင်းပြဿနာတွေကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ ဦးဆောင်တဲ့ ဗဟိုခံစစ်က သွင်းဂိုးတွေ ခွင့်ပြုနေရတာ ဖြစ်ပါတယ်။   ပြီးခဲ့တဲ့ရာသီက ခံစစ်ကစားပုံကောင်းမွန်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာ ဂိုးတွေ အလွယ်တကူပေးနေရတယ်လို့ ဆိုးလ်ရှားက ဝန်ခံခဲ့ပါတယ်။  ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့ နောက်ခံလူ ဘိုင်လီ ပြန်လည်ကစားနိုင်မယ့် အခြေအနေ ကတော့ အသင်းအတွက် ကြီးမားတဲ့ဆုလာဘ်တခုဖြစ်ပြီး မက်ဂွိုင်းယားနဲ့ ဘိုင်လီအတွဲက ပြီးခဲ့တဲ့ရာသီမှာ ကောင်းမွန်ခဲ့ပြီး အသင်းတသင်းအနေနဲ့လည်း ခံစစ်ကစားပုံကောင်းမွန်ခဲ့ကြောင်း နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။  အသက် ၂၆ နှစ်ရှိ အိုင်ဗရီကို့စ် နောက်ခံလူ ဘိုင်လီဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ၄ ပွဲ သာ ကစားခဲ့ရပြီး ပြိုင်ပွဲစုံမှာ ၁၁ ပွဲသာ ကစားပေးနိုင်ခဲ့ပါတယ်။  လာမယ့်ပွဲစဉ်တွေအပေါ် အာရုံစိုက်ထားပေမယ့်လည်း ပိုကောင်းတဲ့ လူစာရင်းဖြစ်လာဖို့ ကြိုးပမ်းနေတယ်လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။ 
2 years Ago
Up