ဘာစီလိုနာအသင်းဆီ တကျော့ပြန် ပြောင်းရွှေ့လာရတာ စူပါဟီးရိုးတယောက်လို ခံစားရကြောင်း ဘရာဇီးလ်ဝါရင့်နောက်ခံလူ အဲလ်ဗတ်စ် ဖွင့်ဟပြောဆို လိုက်ပါတယ်။
တရားဝင်ပြောထားသလို အသင်းကို ပြန်လာခွင့်ရဖို့ သူ့အနေနဲ့ ကြိုးစားနေတာ အတော်ကြာပြီ ဖြစ်ကြောင်း ပြန်လာဖို့အတွက် နှစ်ကြိမ်လောက် သူ ကြိုးစားခဲ့ပေမဲ့ မဖြစ်ခဲ့ကြောင်း ပြောပါတယ်။
သူအမြဲတမ်းပြောခဲ့သလို ဘရာဇီးလ်နဲ့ ဘာစီလိုနာအသင်း ဂျာစီတွေ ဝတ်ဆင်ရတာဟာ စူပါဟီးရိုးတစ်ဦးလို ခံစားမိစေကြောင်း BarcaTV+ နဲ့တွေ့ဆုံမှုမှာ အဲလ်ဗတ်စ်က ပြောကြားခဲ့ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ အဲလ်ဗတ်စ်ဟာ ၂၀၁၆ ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားတာဖြစ်ပါတယ်။