close

အွန်နရီ

close

March 19, 2023

အမေရိကန်လက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်ရန် အွန်နရီစိတ်စား

ပြင်သစ်နဲ့ အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီဟာ အမေရိကန်လက်ရွေးစင်အသင်းကိုတာဝန်ယူ ကိုင်တွယ်ဖို့ စိတ်ဝင်စားနေပါတယ်။

အွန်နရီဟာ စပိန်နည်းပြဟောင်း မာတီနက်ဇ်နဲ့ အတူ ဘယ်လ်ဂျီယံ အသင်းမှာ လက်ထောက်နည်းပြအနေနဲ့ အလုပ်လုပ်ခဲ့ဖူးပါတယ်။

အမေရိကန် အသင်းဟာ လက်ရှိအချိန်မှာ ယာယီနည်းပြနဲ့ လေ့ကျင့်ပြင်ဆင်နေပြီး နည်းပြသစ်တစ်ဦးခန့်အပ် သွားဖို့ ပြင်ဆင်နေတာပါ။ 

ESPN သတင်းမှာဖော်ပြချက်အရ အွန်နရီဟာ အမေရိကန်အသင်း နည်းပြရာထူးကို စိတ်ဝင်စားနေပြီး အမေရိကန်အသင်းဘက်က ဘယ်လိုဆုံးဖြတ်ချက်ချမလဲ ဆိုတာတော့ မသိရရှိသေးပါဘူး။

အသက် ၄၅ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူးဟောင်းဟာ မိုနာကိုအသင်းနဲ့ ကနေဒါကလပ် မွန်ထရီယယ်အသင်းတွေကို တာဝန်ယူခဲ့ဖူးပါတယ်။

နိုင်ငံအသင်းနည်းပြချုပ်အနေနဲ့တော့ တာဝန်ယူဖူးခြင်းမရှိဖူးဘဲ လက်ထောက်နည်းပြအနေနဲ့သာ ဘယ်လ်ဂျီယံအသင်းကို တာဝန်ယူခဲ့ ဖူးတာဖြစ်ပါတယ်။

9 mins Ago

February 24, 2023

ချဲလ်ဆီးအသင်းဆီ မပြောင်းရွှေ့ရန်  လူကာကူကို သတိပေးခဲ့ဖူးဟု  အွန်နရီပြော

ချဲလ်ဆီးအသင်းဆီ မပြောင်းရွှေ့ဖို့ တိုက်စစ်မှူး လူကာကူကို သတိပေးခဲ့ဖူးကြောင်း ပြင်သစ် တိုက်စစ်မှူးဟောင်း အွန်နရီကပြောပါတယ်။ တိုက်စစ်မှူးလူကာကူဟာ ဘယ်လ်ဂျီယံလက်ထောက် နည်းပြအဖြစ်တာဝန်ယူခဲ့တဲ့ အွန်နရီနဲ့ လက်ရွေးစင်အသင်းမှာအတူအလုပ်လုပ်ခဲ့ဖူးပါတယ်။ သူဟာ ၂၀၂၁ ခုနှစ်က အင်တာမီလန်ကနေ ပေါင်၉၇ သန်းခန့်နဲ့ ချဲလ်ဆီးအသင်းဆီ တစ်ကျော့ပြန် ပြောင်းရွှေ့လာခဲ့တာပါ။ အဲဒီအချိန်တုန်းက ချဲလ်ဆီးနည်းပြ တူချယ်လက်ထပ်မှာ လူကာကူနဲ့ အနေနဲ့ အံဝင်ဖို့မလွယ်တာကြောင့် အသင်းမပြောင်းရွှေ့ဖို့ ပြောခဲ့ကြောင်း အွန်နရီကပြောပါတယ်။ အသက်၂၉ နှစ်ရှိ တိုက်စစ်မှူး လူကာကူဟာ လက်ရှိအချိန်မှာ အင်တာမီလန်မှာအငှားထွက်ကစားနေတာပါ။ ချဲလ်ဆီးမှာ ကစားစဉ်က စုစုပေါင်း ၄၄ပွဲမှာ ၁၅ ဂိုး သွင်းယူနိုင်ခဲ့ ပါတယ်။
3 weeks Ago
Up