close

အ​ထောင် EPC ရုံး

close

December 3, 2021

ကျုံ​ပျော်မြို့နယ် အ​ထောင် EPC ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ကျုံပျော်မြို့နယ်၊ အထောင်တိုက်နယ်၊ EPC ရုံးအ၀င်ဝမှာ ဒီဇင်ဘာ ၃ ရက်​နေ့ မနက် ၄ နာရီ ၄၅ မိနစ်လောက် လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့​တယ်လို့ သိရှိရပါတယ်။

အ​ထောင် EPC ရုံးအ၀င်မှာ ​ဗုံးပေါက်ကွဲမှုအား KSTF (Kyonpyaw Special Task Force)က ပြုလုပ်တာဖြစ်ပြီး ထူထိခိုက်မှုမရှိ​ကြောင်း သိရပါတယ်။ 

EPC ဝန်ထမ်းတွေကို ပထမကြိမ် လက်တွေ့သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာ ဖြစ်ကြောင်း၊ သတိပေးခဲ့တဲ့အတိုင်း မီတာခ ဖိအားပေးကောက်ခံတာ၊ မပေးပါက မီးဖြတ်တောက်ဆိုပြီး ခြိမ်းခြောက်တာတွေ ဆက်လက်ပြုလုပ်ပါက  ထိထိရောက်တုံ့ပြန်သွားမယ်လို့ KSTF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကျုံ​ပျော်မြို့​ပေါ်နဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ လက်​အောက်ခံ EPC က လျှပ်စစ်မီတာခတွေ ​ပေးဖို့ ဖိအား​ပေး​ကောက်ခံနေတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

ကျုံ​​ပျော်မြို့နယ်မှာ နို၀င်ဘာလအတွင်း စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင်တိုက်ခိုက်ခံရသလို ဒလန်ရှင်းလင်းခံရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

5 mins Ago
Up