close

အ.ထ.က (၃၅)

close

October 11, 2021

မန္တလေး အ.ထ.က (၃၅) ကျောင်းတွင် ဗုံးပေါက်ကွဲ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၅၃ လမ်း နဲ့ ၅၄ လမ်းကြား၊ ၁၁၃ လမ်းနဲ့ ၁၁၄ လမ်းကြားရှိ အထက (၃၅) ကျောင်းမှာ အောက်တိုဘာ ၁၁ ရက် မနက်  ၁၁ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့ပါတယ်။

အဲဒီစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဆိုင်ကယ်နဲ့ အမျိုးသား ၂ ဦးက ဘက်လုပ်ဗုံးနဲ့  ပစ်ခဲ့တာဖြစ်ကာ ကျောင်းအတွင်း တံခါးအနီးမှာ ပေါက်ကွဲတာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

“အဲဒီကျောင်းမှာ ဒီရက်ပိုင်း ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတာတွေ့တယ်။ နောက်ပြီး တပ်စွဲထားတဲ့ ပုံစံမျိုး စစ်ကားတွေ အမြဲတွေ့ရတယ်။ တချို့ကလည်း စစ်သားတွေကို ပစ်ပြေးတာလို့ ပြောကြတယ်။ သေသေချာချာတော့ မသိရဘူး။”

ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာနဲ့ ပစ္စည်း ထိခိုက်ပျက်စီးတာ မရှိဘူးလို့ သိရပါတယ်။

1 min Ago
Up