close

ဥကရစ်ထတိုက်ပွဲ

close

July 5, 2022

ဥကရစ်ထတိုက်ပွဲတွင် စစ်ကောင်စီလေတပ်က ၅ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂၅ ကြိမ်ပြုလုပ် (ရုပ်သံ)

ဥကရစ်ထတိုက်ပွဲမှာ ဇွန် ၂၇ ရက်ကနေ ဇူလိုင် ၁ ရက်အထိ ၅ ရက်တာ ကာလအတွင်းမှာ စစ်ကောင်စီတပ်က  လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၂၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ နယ်မြေထဲက အကြမ်းဖက်စစ်ကောင်စီရဲ့ ဥကရစ်ထ ခြေကုပ်စခန်းကို KNLA-KNDO ပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၂၆ ရက်ကစပြီး သိမ်းပိုက်နိုင်ရေး ကြိုးပမ်းမှုမှာ စစ်ကောင်စီလေတပ်က လေကြောင်းပစ်ကူအသုံးပြု အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ လေတပ်ဟာ မင်္ဂလာဒုံလေတပ်စခန်း၊ မှော်ဘီလေတပ်စခန်း၊ မော်လမြိုင် (ရတခ) တွေက MiG - 29 ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် ၂ စီး၊ Yak - 130 အမောင်းသင်တိုက်ခိုက်ရေး လေယာဉ် ၆ စီး၊ Mi - 17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၂ စီး၊ MPA ATR-42 ကင်းထောက်လေယာဉ် ၂ စီးတို့ကို အသုံးပြုကာ Cluster Bomb တွေ၊ မီးလောင်ဗုံးတွေ၊ ပေါင် ၂၀၀ နဲ့ ၅၀၀ ဗုံးတွေ၊ ဝေဟင်မှ မြေပြင်ပစ်ဒုံးတွေ၊ စက်လတ် တွေ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေကို ကော်ဘရာစစ်ကြောင်းက  ရက်စွဲနဲ့တကွ အသေးစိတ် ထုတ်ပြန်ထားပါတယ်။

ဥကရစ်ထ ခြေကုပ်တပ်စခန်းဟာ မြဝတီ၊ သေ့ဘောဘိုး၊ ဝေါလေမြို့သစ်အဝင် မုလအိ၊ စုကလိ လမ်းဆုံမှာ စခန်းတည်ဆောက်ထားတာဖြစ်ပြီး စစ်ရေးအရ အချက်အချာကျတဲ့ စခန်းတခုဖြစ်ပြီး တိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက်အကျဆုံးများခဲ့သလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အနီးအနားက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

6 mins Ago
Up