close

ဥတ္တရအလင်းတန်း

close

March 3, 2023

အလာစကာပြည်နယ်တွင် ဥတ္တရအလင်းတန်းများ မြင်တွေ့ရ

အမေရိကန်နိုင်ငံ၊ အလာစကာပြည်နယ်၊ အန်ခါရေ့ချ်မြို့ရဲ့ ကောင်းကင်မှာ ဥတ္တရအလင်းတန်းတွေ ကွန့်မြူးနေတာကို မျက်မြင်သက်သေ ရုပ်သံက ပြထားတာပါ။

မြောက်ဝင်ရိုးစွန်းနားမှာ ညအခါ မြင်ရတတ်တဲ့ အစိမ်းရောင် အနီရောင် ရှိတဲ့ ရောင်စဉ်တန်းတွေကို ဥတ္တရအလင်းတန်းလို့လည်း ခေါ်ကြပါတယ်။

ဒီရုပ်သံကို ဓာတ်ပုံဆရာတယောက်က ကင်မရာနဲ့ ရိုက်ကူးအပြီး ဖေဖော်ဝါရီ ၂၇ ရက် မနက်စောပိုင်းက လူမှုကွန်ရက်ပေါ်ကို တင်ထားတာ ဖြစ်ပါတယ်။ ရှားပါးတဲ့ အနီရောင် ရောင်စဉ်လှိုင်းတွေ သက်ဝင်လှုပ်ရှားနေတာကို ဖမ်းယူ ရိုက်ကူးနိုင်ခဲ့တာပါ။

နေရဲ့ မျက်နှာပြင်ပေါ်က လှုပ်ရှားပေါက်ကွဲမှုတွေကြောင့် ထွက်ပေါ်လာတဲ့ အလင်းနဲ့ အပူလှိုင်းတွေ ထဲက လျှပ်စစ်စီးနေတဲ့ အမှုန်တွေ ကမ္ဘာ့လေထု အပေါ်လွှာထဲက မော်လီကျူးတွေနဲ့ တိုက်မိချိန်မှာ ခုလို ဥတ္တရအလင်းတန်းတွေ ထွက်ပေါ်လာလေ့ရှိတယ်လို့ ဗြိတိန်မိုးလေဝသရုံးက ပြောထား ပါတယ်။ 

4 mins Ago
Up