close

ဥရုဂွေး

close

July 23, 2022

ဥရုဂွေးနိုင်ငံတွင် လူနေအဆောက်အအုံပေါက်ကွဲမှုဖြစ်ပြီး ၁၀ ဦး ဒဏ်ရာရ

ဥရုဂွေးနိုင်ငံမြို့တော် မွန်တီဗီဒီယိုမှာ ဇူလိုင် ၂၂ ရက် မနက်ပိုင်းက လူနေအဆောက်အအုံတလုံးမှာ ပေါက်ကွဲမှုကြောင့် လူ ၁၀ ဦး ဒဏ်ရာရခဲ့ပြီး ၂ ဦးက စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ် လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ 

မြို့တော်ရဲ့ ကမ်းရိုးတန်းအနီးမှာရှိတဲ့ ဗီလာ ဘိုင်ယာရစ်ဇ် ရပ်ကွက်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အနီးနားပတ်ဝန်းကျင်နဲ့ လူနေအဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးမှု ရှိခဲ့ပါတယ်။  

အဆောက်အအုံရဲ့ ခြောက်ထပ်ဟာ လုံးဝပျက်စီးသွားကြောင်း ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။ 

အခင်းပြီးနောက်မှာ စိုးရိမ်ရတဲ့ အခြေအနေ ရှိတဲ့ လူ ၂ ယောက်ဟာ မီးလောင်ဒဏ်ရာ ပြင်းထန်ပြီး ကာဗွန်မိုနောက်ဆိုဒ် ရှူရှိုက်မိခြင်းကြောင့် ဒေသတွင်း ဆေးရုံမှာ ကုသခံနေရတာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။  အခင်းဖြစ်ပွားရတဲ့ အကြောင်းရင်းကို မီးသတ်သမားတွေက မဖော်ထုတ်နိုင်သေးပါဘူး။  

4 months Ago

May 23, 2020

ပခုံး အကိုက်ခံခဲ့ရပေမယ့် ဆွာရက်ဇ်၏ အပြုအမူကို ချီလီနီ ချီးကျူး

၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ပခုံး အကိုက်ခံခဲ့ရပေမယ့် တိုက်စစ်မှူးဆွာရက်ဇ်ကို ချီးကျူးတယ်လို့ အီတလီ နောက်ခံလူ ချီလီနီက ပြောပါတယ်။  အီတလီနဲ့ ဥရုဂွေးတို့ ကစားခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်မှာ ဆွာရက်ဇ်က ချီလီနီရဲ့ ပခုံးကို ကိုက်ခဲ့ပါတယ်။  ပွဲချိန်အတွင်းမှာ ဒိုင်လူကြီးက အရေးမယူခဲ့ပေမယ့် ပွဲပြီးလို့ ပြန်လည်စစ်ဆေးပြီးနောက် ဆွာရက်ဇ်ကိုလည်း ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။  Lo Giorgio ဆိုတဲ့ စာအုပ်မှာတော့ ချီလီနီက အဲဒီအချိန်တုန်းက အဖြစ်အပျက်ကို ပြန်လည် ရေးသားထားပြီး ပခုံးအကိုက်ခံခဲ့ရပေမယ့် ဆွာရက်ဇ်အပေါ် အပြစ်မတင်ကြောင်း ဆိုခဲ့တာပါ။  ရန်ငြိုးထားမှုဆိုတာ ဘောလုံးရဲ့ စိတ်အပိုင်းတခုဖြစ်ပြီး တရားမဝင်ဘူးလို့ မပြောလိုကြောင်း၊ ဆွာရက်ဇ်အနေနဲ့ အဲဒီပွဲတုန်းကလို ဉာဏ်နီဉာဏ်နက် မရှိခဲ့ဘူးဆိုရင် အခုလို ထိပ်တန်တိုက်စစ်မှူးတဦးဖြစ်လာမှာ မဟုတ်ကြောင်း ချီလီနီကပြောပါတယ်။  အီတလီအသင်းဟာ အဲဒီပွဲမှာ ဥရုဂွေးကို ၁ ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။
2 years Ago
Up