close

ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒ အကြီးအကဲ

close

June 26, 2022

ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒ အကြီးအကဲနှင့် အီရန်ထိပ်တန်းသံတမန်တို့ တွေ့ဆုံ

တီဟီရန်နဲ့ ဝါရှင်တန်အကြား နျူကလီးယား သဘောတူစာချုပ်ကို ပြန်အသက်သွင်းဖို့ အီးယူက ကြိုးပမ်းနေချိန်မှာ ဇွန် ၂၅ ရက်က ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Josep Borrell ဟာ အီရန်ရဲ့ ထိပ်တန်းသံတမန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ 

အီရန်နိုင်ငံခြားရေးဝန်ကြီး ဟော့စိန် အာမီယာ အဗ္ဗဒိုလာဟီယန်က ဝါရှင်တန်အနေနဲ့ လက်တွေ့ကျကျ လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့သီတင်းပတ်က တောင်းဆိုခဲ့ပါတယ်။ 

တီဟီရန် စေ့စပ်ညှိနှိုင်းရေးတွေ ဆောင်ရွက်နေတဲ့ အီးယူဟာ  အပြီးသတ်လုပ်ဆောင်ဖို့ မတ်လတုန်းက ဝန်ကြီးတွေကို ဗီယင်နာကို ဖိတ်ခေါ်ခဲ့ပါတယ်။ 

ဒါပေမယ့် တီဟီရန်ကနေ သူ့ရဲ့ထိပ်တန်းလုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ် (IRGC) ကို အမေရိကန်နိုင်ငံခြားအကြမ်းဖက်အဖွဲ့ (FTO) စာရင်းကနေ ဖယ်ရှားပေးဖို့ အဓိကထား တောင်းဆိုခဲ့ကတည်းက ဆွေးနွေးပွဲတွေ ပျက်ပြားသွားခဲ့ရတာပါ။

ပြင်သစ်ကတော့ Borrell ရဲ့ ခရီးစဉ်ကို အခွင့်ကောင်းယူပြီး သဘောတူညီချက်ကို တတ်နိုင်သမျှ ပြန်လည်ထိန်းသိမ်းဖို့ ဇွန်လ ၂၄ ရက်က တီဟီရန်ကို တိုက်တွန်းခဲ့ပါတယ်။  

1 min Ago
Up