close

ဥရောပသမဂ္ဂဝန်ကြီး

close

March 22, 2022

ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှု တိုးမြှင့်ရန် ဥရောပသမဂ္ဂဝန်ကြီးများ ဆွေးနွေး

ရုရှားအစိုးရအပေါ် သံတမန်ရေး ပြင်းပြင်းထန်ထန် အရေးယူဖို့နဲ့ အကျိုးအမြတ်များတဲ့ ရုရှားရဲ့ စွမ်းအင်ကဏ္ဍပိတ်ဆို့မှုကို အခုအပတ်အတွင်း စတင်ဖို့ ဘရပ်ဆဲလ်မြို့မှာ မတ် ၂၁ ရက်က ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ 

ဥရောပသမဂ္ဂနဲ့ အနောက်မဟာမိတ်တွေက ရုရှားဗဟိုဘဏ် အက်ဆက်တွေနဲ့ အဓိကလုပ်ငန်းအတော်များများကို ပိတ်ဆို့အရေးယူထားတာပါ။

ရုရှားသမ္မတပူတင်က ကျူးကျော်စစ်စတင်ပြီး ၂၄ ရက်အကြာမှာ ယူကရိန်းကို အန္တရာယ်ရှိတဲ့ နာဇီအမျိုးသားရေးဝါဒီတွေလို့ ခေါ်ဝေါ်ပြီး အထူးစစ်ဆင်ရေး အစွမ်းကုန်ဆင်နွှဲသွားမယ်လို့ ပြောပါတယ်။ 

ယူကရိန်းနဲ့ အနောက်အုပ်စုက အကြောင်းပြချက် ရေရေရာရာမရှိတဲ့ ကျူးကျော်စစ်ပွဲအဖြစ် ရှုတ်ချပါတယ်။ 

လက်ရှိ ရုရှားတပ်တွေ ဝိုင်းပတ်ထားခံရတဲ့ မာရီယူပိုးလ်မြို့ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေမှုက ဥပရောပသမဂ္ဂအတွက် ဖိအားဖြစ်နေပါတယ်။

2 mins Ago
Up