close

ဥရောပသမဂ္

close

June 24, 2022

ဥရောပသမဂ္ဂက ယူကရိန်းကို အဖွဲ့ဝင်လောင်းအဖြစ် လက်ခံ

ဥရောပသမဂ္ဂ (အီးယူ) က ယူကရိန်းကို ၂၇ နိုင်ငံပါတဲ့ သူတို့အဖွဲ့ရဲ့ အဖွဲ့ဝင်လောင်းအဖြစ် ဇွန် ၂၃ ရက်မှာ ကြေညာပါတယ်။ ဒါဟာ ပထဝီနိုင်ငံရေးမှာ အရေးကြီးတဲ့ခြေလှမ်း၊ အီးယူရဲ့ သမိုင်းဝင်တဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ကို ရင်ဆိုင်နေရတဲ့ ယူကရိန်းအတွက် ဒါဟာ အောင်ပွဲဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။

တင်းပြည့်ကျပ်ပြည့်အဖွဲ့ဝင် ဖြစ်လာဖို့ ဆယ်စုတခုကျော်လောက် ကြာကောင်းကြာနိုင်ပေမဲ့ ဒါဟာ အဓိပ္ပာယ်လေးနက်မှုရှိတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

ဥရောပသမဂ္ဂ (အီးယူ) ဟာ အရင် ဆိုဗီယက်ပြည်ထောင်စုထဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံတွေအထိ အဖွဲ့ဝင်တွေကို တိုးချဲ့သွားတော့မယ်ဆိုတာကို အချက်ပြနေတဲ့သဘောမျိုး ဖြစ်လာပါတယ်။

ယူကရိန်းကိစ္စမှာတော့ ရုရှားရဲ့ကျူးကျော်မှုကြောင့် ယူကရိန်းဟာ အီးယူအဖွဲ့ဝင်ဖြစ်ဖို့ တရားဝင် လျှောက်လွှာတင်ခဲ့တာဖြစ်ပြီး အီးယူကလည်း လျင်လျင်မြန်မြန်ပဲ ဆုံးဖြတ်ပေးလိုက်တာပါ။

အိမ်နီးချင်း မော်ဒိုဗာကိုလည်း အဖွဲ့ဝင်လောင်းအဆင့်ကို ပေးအပ်လိုက်ပြီး ဂျော်ဂျီယာကတော့ လိုအပ်ချက်တချို့ ရှိနေသေးလို့ ဒါတွေပြည့်စုံတာနဲ့ အဖွဲ့ဝင်လောင်းအဆင့်ကို ပေးအပ်မယ်လို့ အီးယူဘက်က အကြောင်းပြန်ထားပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးက “ဒါဟာ အောင်ပွဲပဲ” လို့ ပြုံးပြီးပြောနေတဲ့ ဗွီဒီယိုကို သမ္မတရုံး ဝက်ဘ်ဆိုက်မှာ တင်ထားပါတယ်။ ဒီအခြေအနေရောက်ဖို့အတွက် ယူကရိန်းက ကြိုးစားနေတာ အနှစ် ၃၀ ရှိနေပြီလို့လည်း ဆိုပါတယ်။

“ကျနော်တို့ ရန်သူကို နိုင်အောင်တိုက်ကြမယ်။ ယူကရိန်းကို ပြန်တည်ဆောက်ကြမယ်။ အီးယူအဖွဲ့ဝင်ဖြစ်အောင် လုပ်မယ်။ ဒါတွေပြီးရင် ကျနော်တို့ အနားယူလို့ရပါပြီ” လို့ သမ္မတ ဇလန်းစကီးက ဗွီဒီယိုမိန့်ခွန်းမှာ ပြောထားတာ တွေ့ရပါတယ်။

ဒါပေမဲ့ လေ့လာသူတွေကတော့ အီးယူရဲ့ ဒီဆုံးဖြတ်ချက်ဟာ သင်္ကေတသဘောဆောင်ပြီး ယူကရိန်းဟာ အီးယူအဖွဲ့ဝင်စံတွေနဲ့ တိုင်းတာရင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အခြေအနေတွေမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာ အီးယူရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် ရုရှားနဲ့ ယူကရိန်း ဆက်ဆံရေး၊ ရုရှားနဲ့ အီးယူ ဆက်ဆံရေးမှာ တင်းမာမှုတွေ ပိုဆိုးလာနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

4 mins Ago

May 4, 2022

ရုရှားဓာတ်ငွေ့သုံးစွဲမှု အစားထိုးနိုင်မည့် အစီအစဉ် အီးယူကြေညာမည်

ရုရှားဓာတ်ငွေ့သုံးစွဲမှုကို ၂၀၂၂ နှစ်ကုန်ပိုင်းမှာ ၃ ပုံ ၂ ပုံထိ အစားထိုးနိုင်ဖို့ အစီအစဉ်ကို ဒီလနှောင်းပိုင်းမှာ ဥရောပကော်မရှင်က တင်ပြမယ်လို့ ဥရောပသမဂ္ဂ (အီးယူ)ရဲ့ စွမ်းအင်မူဝါဒ အကြီးအကဲ ကာဒရီ ဆင်မ်ဆွန်က မေ ၃ ရက်မှာ ပြောပါတယ်။

အီးယူဟာ ရုရှားဓာတ်ငွေ့ကို တခြားရွေးစရာတွေနဲ့ အစားထိုးရာမှာ ကူညီဖို့ ဓာတ်ငွေ့ အဓိကဖြန့်ဖြူးသူ အားလုံးနဲ့ ဆက်သွယ်ခဲ့ပြီးပြီလို့ လည်းဆင်မ်ဆွန်က ဥရောပလွှတ်တော်မှာ ပြောပါတယ်။

ဒီအစီအစဉ်ထဲမှာ ဓာတ်ငွေ့သုံးစွဲမှုကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေနဲ့ အစားထိုးဖို့ ဒါမှမဟုတ် စွမ်းအင်ချွေတာတဲ့ နည်းလမ်းတွေကို သုံးဖို့လည်း ပါတယ်လို့ ဆိုပါတယ်။

ရုရှားအပေါ် ခြောက်ကြိမ်မြောက် ဒဏ်ခတ်မယ့် အဆိုပြုကမ်းလှမ်းချက်ကို အီးယူအဖွဲ့ဝင် နိုင်ငံတွေဆီ တင်ပြဖို့ အီးယူအမှုဆောင်အရာရှိတွေက ပြင်ဆင်နေပြီး မေ ၄ ရက်မှာ အီးယူ သံတမန်တွေက သုံးသပ်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဆင်မ်ဆွန်က ပြောပါတယ်။

ဒဏ်ခတ်မှုအသစ်ဟာ ရုရှားရဲ့ ရေနံလုပ်ငန်း၊ ပိုများတဲ့ ရုရှားဘဏ်တွေနဲ့ သတင်းမှားတွေအတွက် တာဝန်ရှိသူတွေကို ပစ်မှတ်ထားမယ်လို့ အီးယူရဲ့ ဥရောပကော်မရှင် နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဖ် ဘော်ရယ်က တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။

အီးယူနိုင်ငံတွေဟာ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်ချိန်ကစပြီး ခုထိ ရုရှားဓာတ်ငွေ့နဲ့ ရေနံအတွက် ယူရိုငွေ ၄၇ ဘီလီယံကျော် ပေးခဲ့ပြီးပြီလို့ စွမ်းအင်နဲ့ သန့်ရှင်းတဲ့ လေထုသုတေသနဌာနက ဆိုထားပါတယ်။

2 months Ago
Up