close

ဥရောပအကောင်းဆုံးကစားသမားဆု ရရှိ

close

August 26, 2022

ရီးရဲလ်တိုက်စစ်မှူး ဘင်ဇီမာ ဥရောပအကောင်းဆုံးကစားသမားဆု ရရှိ

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘင်ဇီမာဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ကချီးမြှင့်တဲ့ အကောင်းဆုံး ကစားသမားဆုရရှိသွားပါတယ်။

မနေ့ကပြုလုပ်ခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်တွေ မဲခွဲပွဲအခမ်းအနားမှာ ယူအီးအက်ဖ်အေက ဆုပေးခဲ့တာပါ။ ဘင်ဇီမာဟာ မနှစ်ကရာသီမှာ ဥရောပချန်ပီယံဆုဖလား ရယူနိုင်ခဲ့သလို  လာလီဂါနဲ့ စပိန်စူပါဖလားချန်ပီယံတွေလည်း ဖြစ်ခဲ့ပါတယ်။

စုစုပေါင်း ၄၄ ပွဲကစားရာမှာ  ၄၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဥရောပချန်ပီယံလိဂ်မှာ ဂိုးသွင်းဘုရင်ဖြစ်ခဲ့ပါတယ်။

ဘင်ဇီမာဟာ မဲပေးရွေးချယ်မှုအရ ရမှတ် ၅၂၃ မှတ်နဲ့ အကောင်းဆုံးဆုရရှိခဲ့တာဖြစ်ပြီး ဒုတိယနေရာက ကီဗင်ဒီဘရိုင်းက ၁၂၂ မှတ်၊ ဂိုးသမား ကော့တွိုက်က ၁၁၈မှတ်၊ လီဝန်ဒေါစကီးက ၅၄ မှတ်နဲ့ အစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။

အကောင်းဆုံးအမျိုးသမီးကစားသမားဆုကို ဘာစီလိုနာက စပိန်ကွင်းလယ်လူ ပူတဲလက်စ် ကရရှိပါတယ်။ အကောင်းဆုံးနည်းပြဆုကို ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်စလော့တီ၊ အမျိုးသမီးနည်းပြဆုကို ဟော်လန်နည်းပြ ဆာရီနာဝက်ချ်မန်တို့က အသီးသီးရရှိပါတယ်။

1 min Ago
Up