close

ဦးခိုင်မြင့်ထွန်း(ခ)ရွှေလင်းသစ်

close

April 6, 2022

တောင်ကြီးအခြေစိုက် သတင်းထောက် ၁ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်မှာနေထိုင်တဲ့ သတင်းထောက် ဦးခိုင်မြင့်ထွန်း (ခ)ရွှေလင်းသစ်ကို စစ်ကောင်စီတရားရုံးကနေ ဧပြီ ၅  ရက်နေ့က ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။

ရွှေတြိဂံသတင်းဌာနမှာ သတင်းရေးသားခဲ့တဲ့ ကဗျာဝါသနာရှင်လည်းဖြစ်သူ သတင်းထောက် ဦးခိုင်မင်းထွန်းဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၁ ရက်က  နေအိမ်မှာဖမ်းဆီးခံရတာဖြစ်ပြီး ညောင်ရွှေ(တောင်သုံးလုံး) အကျဉ်းထောင်မှာ ချုပ်နှောင်ထားကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ)နဲ့ သူ့ကို အမှုဖွင့်ပြီး အမြင့်ဆုံးပြစ်ဒဏ် ဖြစ်တဲ့ ထောင်ဒဏ် ၁၀ နှစ်  ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်မှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ သတင်းမီဒီယာသမား အမျိုးသား ၆ ယောက်နဲ့  အမျိုးသမီး ၄ ယောက်  စုစုပေါင်း ၁၀ ယောက်ရှိပြီး အဲဒီထဲက ၆ ယောက်ကတော့ ထောင်ဒဏ်အသီးသီးကျခံနေရပြီး ၄ ယောက်ကတော့ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်အခြေစိုက် သတင်းဌာနတချို့နဲ့ သတင်းမီဒီယာသမားအများစုကိုလည်း စစ်ကောင်စီက ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားတွေလည်း ရှိနေပါတယ်။

2 mins Ago
Up