close

ဦးခွန်ထွန်းဦး

close

May 29, 2022

ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးအား ဂုဏ်ပြုပွဲအခမ်းအနား ချင်းမိုင်တွင် ကျင်းပ (ဓာတ်ပုံ)

ကွယ်လွန်သွားပြီဖြစ်တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးအား  ဂုဏ်ပြုပွဲအခမ်းနားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဝပ်ကူတောက်ကျောင်းတိုက်မှာ ဒီနေ့ ကျင်းပနေပါတယ်။

ဂုဏ်ပြုပွဲကို ထိုင်းနိုင်ငံရောက် ရှမ်းတိုင်းရင်းသား အသိုက်အဝန်းက ဦးဆောင်ကျင်းပတာဖြစ်ပြီး ချင်းမိုင်တက္ကသိုလ်က ကျောင်းသားကျောင်းသူတွေ၊ ရှမ်းအမျိုးသမီးရေးရာအဖွဲ့၊  ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ အမျိုးသမီးများအဖွဲ့ချုပ် (WLB) စတဲ့ အဖွဲ့အစည်းတွေအပါအဝင် လူ ၂၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကို စတင်ထူထောင်ရာမှာ ပါဝင်ခဲ့သူလည်းဖြစ်တဲ့ ပါတီဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း ၃၀ ကျော်တာဝန်ယူခဲ့တဲ့  ဦးခွန်ထွန်းဦး ၇၉ နှစ်ဟာ ဧပြီ ၃၀ ရက်က ရန်ကုန်မြို့ရှိ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားတာဖြစ်ပြီး သူ့ရဲ့ ဈာပနကို ရန်ကုန်မြို့ ရေဝေးသုသာန်မှာ မေလ ၂ ရက်က မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

15 hours Ago

May 7, 2022

ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၏ အရိုးပြာအိုး ဂူဗိမာန်တော်သွင်းဈာပနပွဲ သီပေါမြို့ တော်ဝင်သင်္ချိုင်းတွင် ကျင်းပ (ဓာတ်ပုံ)

ကွယ်လွန်သွားပြီဖြစ်တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးရဲ့  ကြွင်းကျန်ရစ်တဲ့ အရိုးပြာအိုး ဂူဗိမာန်တော်သွင်း ဈာပန အခမ်းအနားကို ရှမ်းပြည်နယ် သီပေါမြို့၊ လွယ်မုပ်တောင်ပေါ်ရှိ သီပေါတော်ဝင်မိသားစုရဲ့ သင်္ချိုင်းမှာ  မေလ ၇ ရက် ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ဈာပနကို မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေတွေ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဦးခွန်ထွန်းဦးကို ချစ်ခင်လေးစားတဲ့ တိုင်းရင်းသားတွေတက်ရောက်ခဲ့ကြပြီး လွမ်းသူ့ပန်းခွေတွေ၊ ပန်းခြင်းတွေ ပေးပို့ ဂုဏ်ပြုခဲ့ကြပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကို စတင်ထူထောင်ရာမှာ ပါဝင်ခဲ့သူလည်းဖြစ်တဲ့ ပါတီ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း ၃၀ ကျော်တာဝန်ယူခဲ့တဲ့  ဦးခွန်ထွန်းဦး ၇၉ နှစ်ဟာ   ဧပြီ ၃၀ ရက်က ရန်ကုန်မြို့ ရှိ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားတာဖြစ်ပြီး သူ့ရဲ့ ဈာပနကို ရန်ကုန်မြို့ ရေဝေးသုသာန်မှာ မေလ ၂ ရက်က မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

3 weeks Ago
Up