close

ဦးစိုးဝင်း

close

October 29, 2022

ရှောင်တာနယ်အမှုတွဲပါ စီမံဘဏ္ဍာ၀န်ကြီး ဦးစိုး၀င်း ပြန်လွတ်

သြစတြေးလျနိုင်ငံသားရှောင်တာနယ်အမှုတွဲပါ စီမံဘဏ္ဍာ၀န်ကြီး ဦးစိုး၀င်း အောက်တိုဘာ ၂၈ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

စီမံ/ဘဏ္ဍာ၀န်ကြီးဖြစ်သူ ဦးစိုး၀င်းဟာ ရှောင်တာနယ်ကို စွဲဆိုထားတဲ့ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ)မှာ အမှုတွဲအဖြစ် တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရသူဖြစ်ပါတယ်။

“ဟုတ်ပါတယ်။ မနေ့က ရမည်းသင်းထောင်ကနေ လွှတ်တာပါ” လို့ ဦးစိုး၀င်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဘာကြောင့်ပြန်လွှတ်ပေးတယ်ဆိုတာ မသိရသေးသလို သီးခြား အတည်ပြုနိုင်ခြင်းလည်း မရှိသေးပါဘူး။ ၀န်ကြီးဦးစိုးဝင်း ဟာ အမှုရင်ဆိုင်နေစဉ်ကာလအတွင်းမှာ အူမကြီးကင်ဆာနဲ့ ခွဲစိတ်ဆေးကုသမှုခံရခဲ့ပါသေးတယ်။

ရှောင်တာနယ်ကို စစ်ကောင်စီက လ.ဝ.က အက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ)တို့နဲ့ စွဲဆိုခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ)အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း)တို့ကို အမှုတွဲအဖြစ် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ရှောင်တာနယ်ဟာ အမှုနှစ်ခုအတွက် ထောင်ဒဏ်သုံးနှစ်စီချမှတ်ခံရပေမယ့် တပေါင်းတည်းကျခံရမှာဖြစ်တဲ့အတွက် စုစု ပေါင်း သုံးနှစ်သာ ကျခံရတာဖြစ်ပါတယ်။ 

အမှုတွဲပါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ဘ ဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့မှာ ထောင်ဒဏ် သုံးနှစ်စီချမှတ်ခံရတာဖြစ်ပါတယ်။

9 hours Ago

September 1, 2022

ရှောင်တာနယ်အမှုအတွက် ဝန်ကြီးဦးစိုးဝင်းကို စစ်ဆေး

သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်အမှုကို စက်တင်ဘာ ၁ ရက်က နေပြည်တော်အချုပ်ထောင်အတွင်းရှိ သီးသန့်အထူးတရားရုံးမှာ ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ရှောင်တာနယ်ကို စစ်ကောင်စီက လ.ဝ.က အက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ) တို့နဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ) အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ကို အမှုတွဲအဖြစ် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီနေ့ရုံးချိန်းမှာ အမှုတွဲပါ ဝန်ကြီးဦးစိုးဝင်း (စီမံ/ဘဏ္ဍဝန်ကြီး) ကို စစ်ဆေးခဲ့ပြီး နောက်ရုံးချိန်းမှာ ဦးဆက်အောင်ကို စစ်ဆေးမယ်လို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ) အတွက် အမှုတွဲပါသူတွေကို အားပေးကူညီမှုနဲ့ စွဲချက်တင် အမိန့်ချကာ ပြန်ခေါ်သက်သေတွေကို စစ်ဆေးတာလည်း ပြီးပြီဖြစ်လို့ စွပ်စွဲခံတွေဖြစ်တဲ့ ရှောင်တာနယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နဲ့ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ကို ရုံးချိန်းတပတ်ကို တယောက်စီ စစ်ဆေးနေတာ ဖြစ်ပါတယ်။

2 months Ago
Up