close

ဦးဇော်မိုးထက်

close

August 28, 2021

သိမ်ဇရပ်မြို့ အန်အယ်လ်ဒီပါတီ အတွင်းရေးမှူး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ အတွင်းရေးမှူး ဦးဇော်မိုးထက်ဟာ ဩဂုတ် ၂၇ ရက် ညနေပိုင်းမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ပါတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဦးဇော်မိုးထက်ကို အာဏာသိမ်း စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ)နဲ့ အမှုဖွင့်ခံထားဖြစ်ပြီး  ရှောင်တိမ်းတာ မရှိလို့ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။

ဦး‌ဇော်မိုးထက်ကို သိမ်ဇရပ်ကားဂိတ်အနီးက သူဖွင့်ထားတဲ့ ပုလဲစားသောက်ဆိုင်မှာ ရှိနေစဉ်  စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်က အရပ်ဝတ်‌တွေနဲ့ လာရောက် ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ဦးဇော်မိုးထက်ကို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးသလို မိသားစုနဲ့ အဆက်အသွယ် မရသေးပါဘူး။

သိမ်ဇရပ်မြို့မှာ‌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်  ၁၀ ဦးထက်နည်း ပုဒ်မ ၅၀၅(ခ)နဲ့ အမှုဖွင့်ခံထားရပြီး အများစုက တိမ်းရှောင်နေကြပါတယ်။

3 mins Ago
Up