close

ဦးနိုင်ငံလင်း

close

August 25, 2021

ထောင်ဝင်စာလာတွေ့သည့် ဦးနိုင်ငံလင်း၏ဇနီးနှင့် ကလေးကို စစ်ကောင်စီက ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့ ဇနီး ဒေါ်ခင်စန္ဒာဝင်းနဲ့ ကလေးကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

ဒီကနေ့မနက် အင်းစိန်ထောင်မှာ ထောင်ဝင်စာသွားရောက်တွေ့ဆုံစဉ် ဖမ်းဆီးထိန်းသိမ်းခံရတာလို့ ဦးနိုင်ငံလင်း မိသားစုနဲ့ နီးစပ်သူတဦးကပြောပါတယ်။

 “အစတုန်းက သူ (ဒေါ်ခင်စန္ဒာဝင်း) က အကျယ်ချုပ်၊ သူတို့ကို ခြံထဲမှာ အကျယ်ချုပ်ထားထားတာ။ အဲဒီကနေ ထောင်ဝင်စာတွေ့လို့ရတယ်ဆိုတော့ သွားတွေ့နေတယ်နဲ့ တူပါတယ်။ အရင်တုန်းကတော့ သူများနဲ့ထောင်ဝင်စာတွေ့နေတာ၊ နောက်ပိုင်းကျတော့ သူတို့တွေ့လိုရတယ်ဆိုလို့   ထောင်ဝင်စာသွားသွားတွေ့နေတယ်။ ဒီနေ့ကျမှ ဘယ်လိုဖြစ်တယ် မသိဘူး။ ဘာကြောင့်လဲဆိုတာတော့ မသိဘူး။ ဒီနေ့ကျမှ ဆွဲစိလိုက်တာ။ ” လို့ပြောပါတယ်။

သူတို့မိသားစုဟာ ဦးနိုင်ငံလင်း လူမှုရေးဝန်ကြီးတာဝန်ထမ်းဆောင်စဉ်က နေထိုင်ခွင့်ပြုခဲ့တဲ့ ခြံနဲ့အိမ်မှာ အကျယ်ချုပ်ကျခံနေရတာလို့ ဆိုပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးကတည်းက လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

6 mins Ago

September 28, 2020

ရန်ကုန်တွင် ကိုဗစ်-၁၉ လူနာ ၂၀၀၀ ခန့်ထားရှိရန် နေရာ ၄ ခု စီစဉ်နေ

ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေထားဖို့အတွက် ကုသရေးစင်တာဖွင့်လှစ်ဖို့ နေရာ ၄ နေရာ စီစဉ်နေတယ်လို့  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဒီဗွီဘီကို ပြောပါတယ်။ “ လေးနေရာတော့ ထပ်ရှာထားတယ်။ နေရာတော့ အတိအကျကျ ကျနော်တို့ မပြောနိုင်သေးဘူး။ ကွန်ဖန်းမဖြစ်သေးလို့။ ကိုဗစ်-၁၉ လူနာ ၂၀၀၀ ပတ်ဝန်းကျင်လောက်တော့ ကုလို့ရနိုင်တယ်။”လို့ ဦးနိုင်ငံလင်းက ပြောပါတယ် သြဂုတ်လ ၁၆ ရက်နေ့က စလို့ မြန်မာပြည်မှာ ကိုဗစ်-၁၉ ရောဂါ တကျော့ပြန်လာပြီးနောက် ကူးစက်မှုနှုန်းလည်း မြင့်လာရာ စက်တင်ဘာလအတွင်း ကူးစက်မှုနှုန်းတွေ စံချိန်တင်လာခဲ့ပါတယ်။ စက်တင်ဘာ လဆန်းအတွင်း ကူးစက်ခံလူနာအရေအတွက်ဟာ နေ့စဉ် ဆယ်နဲ့ချီရှိလာရာကနေ ၁၀၀ လောက်အထိ နေ့စဉ်ကူးစက်မှုနှုန်းဆက်မြင့်လာရာ စက်တင်ဘာ ဒုတိယပတ်မှာတော့ နေ့စဉ်ကူးစက်ခံလူနာ အယောက် ၁၀၀ကျော်လာပါတယ်။ လက်ရှိမှာတော့ နေ့စဉ်ပိုးတွေ့လူနာအရေအတွက်ဟာ ၇၀၀ ကျော်ကနေ ၈၀၀ ကျော်အထိရှိတယ်လို့  ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ ဒီစာရင်းတွေအရပဲ ကူးစက်ခံလူနာတွေ နေ့စဉ်တိုးလာသလို လူနာတွေ သေဆုံးမှုနှုန်းလည်း မြင့်တက်လာတာကို မြင်တွေ့ရတယ်။ ကူးစက်ခံလူနာအရေအတွက်ထဲမှာတော့ ရန်ကုန်တိုင်းက ၇၈၇၃နဲ့ အများဆုံးဖြစ်နေပြီး၊ သေဆုံးလူနာတွေလည်း ၂၁၆ ယောက်ရှိနေပါတယ်။ “ကုသရေးစင်တာတွေ ထပ်ဖွင့်ဖို့ ကျနော်တို့ အများကြီးပြင်နေပါတယ်။”လို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။ ကူးစက်ခံလူနာအရေအတွက်အများဆုံးဖြစ်တဲ့ ရန်ကုန်မှာတော့ စက်တင်ဘာ ၂၈ ရက်ညနေ ၃ နာရီအထိ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ ၉၂ ယောက်၊ တောင်ဥက္ကလာပဆေးရုံမှာ ၇၁ ယောက်၊ ဖောင်ကြီးကုသရေးစင်တာမှာ ၉၆၀ ယောက်၊ ရန်ကုန်ကလေးဆေးရုံကြီးမှာ ၁ ယောက်၊ တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီးမှာ ၁၄ ယောက်၊ ရိုးရိပ်သာကုသရေးဌာနမှာ ၉၇၆ ယောက်၊ လှိုင်ကုသရေးစင်တာမှာ ၅၀၈ ယောက်၊ မြတ်လေးကုသရေးစင်တာမှာ ၂၃၂ ယောက်၊ သုဝဏကုသရေးစင်တာမှာ အယောက် ၃၉၀၊ ရဲမွန်ကုသရေးစင်တာမှာ ၂၉၃ ယောက်၊ အောင်မြင့်မိုရ်ကုသရေးစင်တာမှာ ၅၄၅ ယောက်၊ တပ်မတော်ဆရာအတတ်သင်ကျောင်းမှာ အယောက် ၃၁၀ ဆေးကုသမှုခံယူနေပါတယ်။ စက်တင်ဘာ ၂၈ ရက်ညနေအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၁၀၇၃၄ ယောက်ရှိနေပြီး သေဆုံးလူနာ ၂၂၆ ယောက်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အတည်ပြုလူနာအရေအတွက်ဟာ အာဆီယံနိုင်ငံတွေမှာတော့ နံပတ် ၅ နေရာမှာရှိနေပါတယ်။
11 months Ago
Up