close

ဦးဘချစ်

close

November 10, 2021

စဉ့်ကူးမြို့တွင် တိုင်းလွှတ်တော်အမတ်လောင်းအဖြစ် ဝင်ပြိုင်ဖူးသူ ၁ ဦးပစ်သတ်ခံရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့မှာ နိုဝင်ဘာ ၉ ရက် နေ့လယ်ပိုင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ကနေ တိုင်းဒေသကြီးလွှတ်တော်အမတ်လောင်းအဖြစ် ဝင်ပြိုင်ဖူးသူတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

သူရရွှေမန်းရဲ့ UBP ပါတီမှာ ဝင်ရောက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာက ဝင်ပြိုင်ဖူးတဲ့   ဦးဘချစ်(ခ)ဦးအောင်ကျော်စိုးဟာ ဆိုင်ကယ်စီးလာစဉ် သေနတ်နဲ့ ပစ်သတ်ခံတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဆိုင်ကယ်နဲ့ နှစ်ယောက်က ပစ်သွားတာ ဘယ်သူလဲဆိုတာတော့ မသိလိုက်ရဘူး။  လည်ပင်းကို သေနတ်မှန်ပြီးသေသွားတာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဦးဘချစ်ဟာ ဒေသခံ PDF တွေရဲ့ စခန်းများကိုစုံစမ်းပြီး စစ်ကောင်စီကို သတင်းပေးနေတဲ့အတွက် ရှင်းလင်းလိုက်တာလို့ စဉ့်ကူးအခြေစိုက် Singu Guerrillas Force -SGF  လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလအတွင်းမှာပဲ စဉ့်ကူးမြို့နယ်ထဲက ကျဉ်တောက်ပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ငယ်နဲ့ ဟင်္သာမကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းတို့နှစ်ဦးလည်း သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

1 min Ago
Up