close

ဦးရဲမင်းဦး

close

October 11, 2022

ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့ကို အဂတိပုဒ်မဖြင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်

နေပြည်တော်မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်နဲ့ ဒုမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးတို့ကို ဒီကနေ့ နေ့လယ်ပိုင်းက နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးကနေ အဂတိ ပုဒ်မ ၅၅ နဲ့ ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခဲ့တယ်လို့ နေပြည်တော်တရားရေးဝန်ထမ်းတွေဆီက သိရပါတယ်။

ဒေါက်တာမျိုးအောင်နဲ့ ဦးရဲမင်းဦးတို့ နှစ်ဦးကို ဒီကနေ့ နေ့လယ်ပိုင်းက နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးကနေ အဂတိပုဒ်မ ပုဒ်မ ၅၅ နဲ့ အမှုအားလုံးကို တပေါင်းတည်းကျခံစေဖို့ သုံးနှစ်စီချမှတ်ခဲ့တာလို့ ရှေနေတဦးက ပြောပါတယ်။

"ဒေါက်တာမျိုးအောင်က အဂတိပုဒ်မနဲ့အမှုက ငါးမှု၊ ဦးရဲမင်းဦးက နှစ်မှု အဲ့ဒါတွေကို စုပေါင်းပြီး အမိန့်ချတာ သုံးနှစ် တစ်ပေါင်းတည်းကျခံစေရန်ဆိုပြီး အမိန့်ချတာ" လို့ ပြောပါတယ်။

သူတို့နှစ်ဦးကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလက နေပြည်တော်က မြို့နယ်အချို့က မြေကွက်တွေကို ရောင်းချခဲ့တယ်လို့ဆိုကာ အဂတိပုဒ်မ ၅၅ နဲ့ နေပြည်တော်ကောင်စီနယ်မြေ အမှတ် (၁) မြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာမျိုးအောင်ဟာ ပြီးခဲ့တဲ့လတွေက ပုဒ်မ ၅၀၅ (ခ)၊ အဂတိပုဒ်မတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၉ နှစ်ချမှတ်ခံထားရသူဖြစ်လို့ လက်တလောမှာ စုစုပေါင်းထောင်ဒဏ် ၂၂ နှစ်ကျခံမှာ ဖြစ်ပါတယ်။

အလားတူပင် ဦးရဲမင်းဦးမှာလည်း ပြီးခဲ့တဲ့ လတွေက အဂတိပုဒ်မတွေနဲ့ စုစုပေါင်းထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရပြီး လက်တလောမှာ စုစုပေါင်းထောင်ဒဏ် ၂၃ နှစ်ကျခံရမှာဖြစ်ပါတယ်။

ဒီကနေ့ အမှုချခံရသူနှစ်ဦးမှာ NLD အစိုးရလက်ထက်မှာ ဒေါက်တာမျိုးအောင်က  နေပြည်တော် မြို့တော်ဝန် တာဝန်ယူခဲ့သလို ဦးရဲမင်းဦးမှာလည်း ဒုမြို့တော်ဝန် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ 

3 hours Ago

June 22, 2022

ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦးနှင့် ဦးမင်းသူတို့ကို စစ်ကောင်စီက ထောင်ဒဏ်များ ထပ်မံချမှတ်

နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကို ဇွန် ၂၂ ရက် ဒီနေ့ ရုံးချိန်းမှာ နေပြည်တော်စစ်ကောင်စီတရားရုံးက အဂတိအမှု ၅ မှုအတွက် ၁ မှုကို ထောင် ၃ နှစ်နှုန်းနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်တယ်လို့  တရားရုံး နဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒေါက်တာမျိုးအောင်နဲ့ အမှုတွဲတွေဖြစ်တဲ့ နေပြည်တော်စည်ပင်ဒုဥက္ကဌ ဦးရဲမင်းဦးနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီး ဦးမင်းသူတို့ကိုလည်း စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့ပါတယ်။

ဦးရဲမင်းဦးကို စစ်ကောင်စီတရားရုံးက ဇွန်လ ၂၀ ရက်မှာ  ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့တာကြောင့် စုစုပေါင်းထောင်ဒဏ် ၁၈ နှစ်အထိချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ကို စစ်ကောင်စီတရားရုံးက ၅၀၅ (ခ)အမှုအတွက် ၂၀၂၂ ဒီဇင်ဘာ ၆ ရက်မှာ  ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့တာကြောင့် ဒေါက်တာမျိုးအောင်ဟာ စုစုပေါင်းထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရတာဖြစ်ပါတယ်။

4 months Ago
Up