close

ဦးအေးသိန်း

close

May 19, 2022

တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးအေးသိန်းကို ထောင်ဒဏ် ၃ နှစ် အမိန့်ချ

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ တောင်သူလယ်သမား အရေးတက်ကြွလှုပ်ရှားသူ ဦးအေးသိန်းကို  ပုဒ်မ ၅၀၅  (က) နဲ့ ထောင်ဒဏ် ၃  နှစ် ကျခံဖို့ မေလ ၁၇ ရက်မှာ ထောင်တွင်းတရားရုံးမှာ အမိန့်ချခဲ့တယ်လို့ သူ့ရဲ့ရှေ့နေထံကသိရပါတယ်။

ဦးအေးသိန်းဟာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း နေအိမ်တအိမ်မှာ ရှိနေစဉ်  ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီက သူ့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခဲ့တာပါ။

“အမိန့်က အပြည့်ချလိုက်တာ ၃ နှစ်။ သူ့အနေနဲ့ ဆန္ဒပြရာမှာ ပါတယ်ဆိုပြီး အမိန့်ချတာ။ ဒီကိစ္စနဲ့ ပတ်သက်လို့ မငြင်းဘူး။” လို့ ဦးအေးသိန်းရဲ့ ရှေ့နေ တယောက်က ပြောပါတယ်။

ဒါ့အပြင် ဦးအေးသိန်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)/၅၁(ဂ) တို့နဲ့လည်း မန္တလေးခရိုင်တရားရုံးမှာ တရားစွဲဆိုထားပါသေးတယ်။

9 hours Ago

February 19, 2022

တောင်သူလယ်သမားအရေးလှုပ်ရှားသူ ဦးအေးသိန်းကို အကြမ်းဖက်ဥပဒေဖြင့် ထပ်မံတရားစွဲ

မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ တောင်သူလယ်သမား အရေးတက်ကြွလှုပ်ရှားသူ ဦးအေးသိန်းကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေနဲ့ ထပ်မံတရားစွဲဆို ခဲ့တယ်လို့ သူ့ရဲ့ ရှေ့နေထံက သိရပါတယ်။

ဦးအေးသိန်းဟာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း နေအိမ်တအိမ်မှာ ရှိနေစဉ် စက်တင်ဘာလ ၂၀ ရက်က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ပုဒ်မ ၅၀၅  (က) နဲ့ တရားစွဲဆိုခံထားရပါတယ်။

“အရင် အမှု မပြီးသေးခင်မှာ အကြမ်းဖက် ပုဒ်မ နှစ်ခုနဲ့ ထပ်စွဲတာ။ သူ့ကို အဖမ်းခံရတုန်းက ကိုဗစ်ဖြစ်နေလို့ အောက်စီဂျင်ရှူနေရတာ။ စစ်ကြောရေးမှာလည်း နေခဲ့ရတယ်။” လို့ ဦးအေးသိန်းရဲ့ ရှေ့နေ တစ်ဦးက ပြောပါတယ်။

ဦးအေးသိန်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)/၅၁(ဂ) တို့နဲ့ မန္တလေးခရိုင်တရားရားရုံးမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က တရားစွဲတင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက်က ရုံးထုတ်ကာ ရှေ့နေပါဝါတင်ခဲ့ပါတယ်။

3 months Ago
Up