ဧပြီလအတွက်“အောင်လံလွှင့်ချီနွေဦးထီ” ကို ဒီကနေ့ အရောင်းဖွင့်လိုက်ပြီတယ်လို့ ကြေညာထား ပါတယ်။
နွေဦးထီကို အခက်အခဲ အကြပ်တည်းတွေကြားက အားပေးနေကြတဲ့ မိဘပြည်သူတွေအားလုံးကို အထူးကျေးဇူးတင်ကြောင်းနဲ့ တော်လှန်ရေးထီဖြစ်တဲ့အလျောက် အာဏာရှင်ကို ဆန့်ကျင်ရာမှာ ဘယ်သော အခါမှ သွေးအေးသွားမှာမဟုတ်ကြောင်းကို အကြမ်းမဖက်ပြသနိုင်မယ့် လမ်းကြောင်းတစ်ရပ်လဲဖြစ်တာမို့ နွေဦးထီကို အားပေးရင်း တော်လှန်ရေးမှာ ပူးပေါင်းပါဝင်အားဖြည့်ပေးကြဖို့လည်း အလေးအနက် တိုက်တွန်းထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရောင်းချနေတဲ့ ပြီးခဲ့တဲ့ မတ်လအတွက်“အောင်လံလွှင့်ချီ နွေဦးထီ” အပတ်စဉ် ၅ မှာတော့ ကျပ်သိန်း ၁၀၀ ဆု ၁ ဆုနဲ့ ၁၅ သိန်းဆု ၄၇ ဆုချီးမြှင့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့မှာ စတင် ရောင်းချခဲ့တာဖြစ်ပြီး ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားပါတယ်။
ဒါ့အပြင် နွေဦးထီကို အားပေးကြတဲ့ မိဘပြည်သူတွေ လုံခြုံရေးအဆင်ပြေစေနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ပေးနေပြီး လစဉ် ၂၅ ရက်နေ့အထိ မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ နေ့စဉ်ရောင်းချပေးနေတာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီကတော့ နွေဦးထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အား ပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီးထောင်ချသွားမယ်လို့ ခြိမ်းခြောက် ကြေညာထားပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့ အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေပေမယ့် ခုချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ တက္ကသိုလ်ဝင် ၁၀ တန်းစာမေးပွဲတွေကို လာမယ့် ဧပြီလထဲမှာ သင်္ကြန်မတိုင်ခင် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ နိုဝင်ဘာ ၂၆ ရက် ဒီကနေ့ ပြုလုပ်တဲ့ သတင်းစားရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
လက်ရှိ အခြေခံပညာစာသင်ကျောင်းတွေ ပြန်ဖွင့်ချိန်မှာ ကျောင်းလာအပ်တဲ့ ကျောင်းသား ဦးရေ ၄၇ သိန်းကျော်ရှိပြီး ကျောင်းတက်နေသူ ၃၃ သိန်းရှိတာကြောင့် ကျောင်းတက်တဲ့ရာနှုန်း ၇၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
အခြေခံပညာအဆင့် စာမေးပွဲတွေကိုတော့ ပထမနှစ်ဝက်စစ်ဆေးမှုအနေနဲ့ ဇန်နဝါရီလမှာပြုလုပ်မှာဖြစ်ပြီး နှစ်ဆုံးစစ်ဆေးခြင်းကိုတော့ မတ်လလောက်မှာ စစ်ဆေးသွားမယ်လို့ ပြောဆိုထားပါတယ်။
အခြေခံပညာကျောင်းတွေအတွက် သင်ရိုးညွှန်တန်းတွေရဲ့ ၁၀၀ ရာနှုန်းထဲက ၆၀ ရာနှုန်းကို စာသင်ကျောင်းတွေမှာ သင်ပေးသွားမှာဖြစ်ပြီး ကျန်တာတွေကို ကိုယ်တိုင်လက်တွေ့လေ့ကျင့်ခန်းနဲ့ အိမ်မှာသင်ကြား လို့ရအောင် စီစဉ်ပေးသွားမှာဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ မဖွင့်လှစ်နိုင်သေးတဲ့ မြို့နယ် ၄၆ မြို့နယ်က အခြေခံပညာစာသင်ကျောင်းတွေကိုလည်း ရောဂါ ကူးစက်မှုကျဆင်းသွားရင် ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တက္ကသိုလ်တွေကိုလည်း လာမယ့် ဒီဇင်ဘာလဆန်းမှာ ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီက စီစဉ်နေတာဖြစ်ပြီး တဖက်မှာလည်း စစ်ကျွန်ပညာရေး ဆန့်ကျင်တဲ့အနေနဲ့ ကျောင်း မတက်ဘဲနေကြတဲ့ ကျောင်းသားတွေရှိနေသလို အာဏာဖီဆန် CDM လုပ်ဆောင်နေတဲ့ ဆရာ ဆရာမတွေလည်း ရှိနေပါတယ်။