close

ဧရာဝတီတိုင်းဝန်ကြီးချုပ်

close

September 20, 2022

စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရ

စစ်ကောင်စီခန့်ထားတဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်လင်းဟာ စက်တင်ဘာလ ဒုတိယပတ်ကစတင်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ဝန်ကြီးချုပ်ဆိုသူ ဦးတင်မောင်လင်းဟာ ကိုဗစ် ရောဂါကူးစက်ခံရတာနဲ့ပတ်သက်လို့ သတင်းဖုံးအုပ်ထားပြီး အပြင်မထွက်ဘဲ ဆေးကုသမှုခံယူနေတာလို့ တိုင်းအစိုးရအဖွဲ့ရုံးက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝန်ထမ်းတဦးက DVB ကို ပြောပါတယ်။

“ဝန်ကြီးချုပ်က အကူးခံရတာ သေချာလို့ အပြင်မထွက်ဘဲ ကျိတ်ကုနေတယ် ကျန်တဲ့ဝန်ထမ်းတွေလည်း ကူးတာရှိတယ်၊ ဒါပေမဲ့ သတင်းမထုတ်ခိုင်းဘူး တိုင်းထွေအုပ်မင်းကြီးလည်း ရောဂါဖြစ်နေတယ်”လို့ ပြောပါတယ်၊။  

စစ်ကောင်စီခန့်ထားတဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတော်တော်များများ ကိုဗစ်ရောဂါဖြစ်နေတဲ့အပြင် တိုင်းထွေအုပ်ရုံးက ဝန်ထမ်းတော်တော်များများလည်း ရောဂါကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့မှာ တိုင်းထွေအုပ်မင်းကြီးရဲ့ အမျိုးသမီးသေဆုံးခဲ့တာရှိသလို နာရေးကိုလည်း လူသိ မခံဘဲ ကျင်းပခဲ့တယ်လို့ တိုင်းအစိုးရအဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။

21 mins Ago

August 23, 2020

မြန်အောင်မြို့နယ်က ကမ်းပြိုနေရာကို ဧရာဝတီတိုင်းဝန်ကြီးချုပ် စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ထဲမှာ ဧရာဝတီမြစ်ရေ မြင့်တက်ပြီး ကမ်းပြို သွားတဲ့ နေရာကို တိုင်းဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ သဘာဝဘေးအရေးပေါ်ရန်ပုံငွေ၊ ပြည်သူ့လွှတ်တော်ရန်ပုံငွေနဲ့ ဒေသခံတွေ စုပေါင်းပါဝင်ပြီး ကြိုတင်ကာကွယ်နေတဲ့ လုပ်ငန်းတွေကို ဩဂုတ် ၂၂ ရက်က ဝန်ကြီးချုပ် ဦးလှမိုးအောင် ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။   သြဂုတ် ၂၂ ရက်မှာ မြန်အောင်မြို့နယ် ကနောင်မြို့မှာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဘာဝဘေးအရေးပေါ်ရံပုံငွေ ကျပ်ငွေ ၃ ဒသမ၀၈ သန်း လုပ်ဆောင်နေတဲ့ လုပ်ငန်းခွင်ကို  လာရောက်ကြည့်ရှုခဲ့တာပါ။  မြန်အောင်မြို့ အပါအဝင် ကနောင်၊ ငပိဆိတ်၊ ရွှေကျင်နဲ့ သပြေကုန်းကျေးရွာတွေမှာလည်း ဧရာဝတီမြစ်ရေ မြင့်တက်ပြီး ကမ်းပြိုတဲ့နေရာတွေက နေအိမ်တွေလည်း ပြောင်းရွှေ့နေကြရ ပါတယ်။  သြဂုတ် ၂၃ ရက် မနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ကြံခင်းမြို့မှာ ၆၇ ဒသမ ၃၀ ပေနဲ့ မြန်အောင်မြို့မှာ ၆၃ ဒသမ ၆၀ ပေ ရှိတယ်လို့  ဆည်မြောင်းဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။  ကိုကိုကြည်
2 years Ago
Up