close

ဧရာဝတီဘဏ်ခွဲ

close

December 19, 2022

လသာမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ၌ ကျပ် သိန်း ၁၀၀ နီးပါး လုယက်ခံရ

ရန်ကုန်မြို့၊ လသာမြို့နယ်၊ ၁ ရပ်ကွက်၊ ကမ်းနားလမ်းနဲ့ လမ်းမတော်လမ်းထောင့်ရှိ ဧရာဝတီဘဏ်ခွဲ ၃၇ မှာ ဒီဇင်ဘာ ၁၉ ရက် ဒီနေ့မနက်ပိုင်းက လုယက်မှုဖြစ်ပြီး ကျပ် သိန်း ၁၀၀ နီးပါး ပါသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က ဧရာဝတီဘဏ်ခွဲ ၃၇ ကို အမည်မသိ အမျိုးသားတယောက် ရောက်လာပြီး ဓားမြောင်တချောင်းနဲ့ ခြိမ်းခြောက်ကာ ငွေကောင်တာမှ သိန်း ၁၀၀ နီးပါး ယူသွားတယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဘယ်သူမှမသိဘူး၊ ၉ နာရီ ၄၀ မှာ ဖြစ်တာဆိုတော့ ရုံးစဖွင့်တဲ့အချိန် ကောင်မလေးတွေနဲ့ လုံခြုံရေးတယောက်ပဲရှိတာ၊ အဲ့ဒီအချိန် ဓားနဲ့ခြိမ်းခြောက်ပြီး ယူသွားတာဖြစ်မယ်။ အဲ့ဒီနားကသူတွေတောင် မသိဘူး၊ ဖြစ်ပြီးမှသိတာ၊ စစ်သားတွေရောက်လာမှ သိတာ။”

လုယက်သူအမျိုးသားဟာ ဘဏ်မန်နေဂျာ အပါအဝင် ဝန်ထမ်းတွေကို ဓားနဲ့ခြိမ်းခြောက်ကာ ငွေကောင်တာက ငွေတွေယူသွားတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ငွေကတော့ သိန်း ၁၀၀ နီးပါး ပါသွားတယ်။ စစ်တပ်က နောက်မှရောက်လာတာ၊ မမိဘူး။”

လုယက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေက မဟာဗန္ဓုလလမ်းကနေ ကမ်းနားထိ ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့လတွေကလည်း ရန်ကုန်က မြို့နယ်တချို့မှာ လုယက်မှုတွေဖြစ်ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

3 mins Ago

September 2, 2022

လှိုင်မြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ ဓားပြတိုက်ခံရ

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၀ ရပ်ကွက်၊ ပြည်လမ်းရှိ ဧရာဝတီဘဏ်ခွဲ ၂၉ ဒီကနေ့ နေ့လယ်ပိုင်းက ဓားပြတိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဧရာဝတီဘဏ်ခွဲ ၂၉ ကို ဒီကနေ့ စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်းက မတ်စ်ခ်တပ်ထားတဲ့ အမည်မသိ အမျိုးသားတယောက် ရောက်ရှိလာပြီး ဘဏ်ဝန်ထမ်းအမျိုးသမီးဖြစ်သူကို ဓားနဲ့ထောက်ကာ ပိုက်ဆံတွေကို ကျောပိုးအိတ်ထဲထည့်ယူသွားတာ ဖြစ်တယ်လို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။

“ပိုက်ဆံတွေ ပါသွားတယ်လည်းကြားတယ်၊ ပြန်ရတယ်လို့လည်းကြားတယ်၊ သတင်းကတော့ သေချာမသိသေးဘူး။”

ဧရာဝတီဘဏ်ခွဲနဲ့ နီးစပ်သူတယောက်က “ပိုက်ဆံတွေ ပါမသွားဘူး။ ကောင်မလေးကို ဓားနဲ့ထောက်ပြီး ပိုက်ဆံတွေ ကျောပိုးအိတ်ထဲ ထည့်နေတုန်း ဘဏ်ဝန်ထမ်းတွေရယ်၊ ငွေလာထုတ်သူတွေရယ် ဝိုင်းဖမ်းတာ တယောက်ဓားထိသွားတယ်။ ဓားလွတ်ကျပြီးတော့ ကျောပိုးအိတ်ချပြီး ထွက်ပြေးသွားတယ်၊ မိတော့မမိဘူး” လို့ ပြောပါတယ်။

ဓားပြတိုက်မှုဖြစ်ပြီး မကြာမီ စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ ရောက်ရှိလာပြီး ကန်လမ်းထိပ် လှည်းတန်းလမ်းဘက်တွေမှာ ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်း အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့က ဘဏ်တွေ ဓားပြတိုက်ခံရတာ ၁၀ ကြိမ်ထက်မနည်း ရှိပါတယ်။

4 months Ago
Up