close

ဧရာဝတီဘဏ်

close

November 29, 2022

ဧရာဝတီဘဏ်ကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်

ပြည်တွင်း ပုဂ္ဂလိကဘဏ်တခုဖြစ်တဲ့ ဧရာဝတီဘဏ် (AYA)ကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖို့အတွက် ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံ တင်ပြထားတယ်လို့ မြန်မာနိုင်ငံတော်ပြန်တမ်း အသိပေး ကြေညာထားချက်အရ သိရပါတယ်။

ကုမ္ပဏီကို အများပိုင်အဖြစ် ပြောင်းလဲဖို့အတွက် အသေးစိတ် အချက်အလက်တွေကို ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိကို တင်ပြထားပြီး တရားရုံးအမိန့်အရ တားမြစ်ခြင်း မရှိပါက ကုမ္ပဏီအမျိုးအစား ပြောင်းလဲခြင်းဆိုင်ရာ အချက်အလက်တွေကို ပြောင်းလဲပေးမှာ ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

AYA ဘဏ်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် တည်ထောင်ထားတဲ့ ဘဏ်တခုဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံး ပုဂ္ဂလိကဘဏ်တခု ဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံတွင်း ဘဏ်ခွဲပေါင်း ၂၆၀ ကျော် ဖွင့်လှစ်ထားပြီး သုံးစွဲသူပေါင်း ၃ ဒသမ ၂ သန်းကျော် ရှိပါတယ်။

2 mins Ago

February 4, 2022

ဧရာဝတီဘဏ်ကို သတိပေးဖောက်ခွဲရန် စီစဉ်ခဲ့ဟု B.F.R.A.F မြို့ပြပြောက်ကျားတပ်ဖွဲ့ထုတ်ပြန်

ရန်ကုန်မြို့ရှိ ဧရာဝတီဘဏ်ကို သတိပေးမိုင်းဖောက်ခွဲဖို့ စီစဉ်ထားခဲ့ပေမယ့် အများ ပြည်သူလုံခြုံရေးကြောင့် လက်လျှော့ခဲ့ရတယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ ဗမာ့နောက်ဆုံးတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့(B.F.R.A.F)က ထုတ်ပြန်ပါတယ်။

ဧရာဝတီဘဏ် တာဝန်ရှိလူကြီးတွေကို သတိပေးတဲ့အနေနဲ့ အလုံမြို့နယ်၊ ကမ်းနားလမ်း သစ်တောမှတ်တိုင်အနီးက  ဧရာဝတီဘဏ်ရှေ့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက်မနက် ၆ နာ ရီမှာ ပေါက်ကွဲအားပြင်းတဲ့ မိုင်းထောင်ကာ သတိပေးဖောက်ခွဲဖို့ စီစဥ်ခဲ့တာဖြစ်ပြီး လူအသွားအလာ မပြတ်တာကြောင့် အချိန်စောင့်ရင်း ဖောက်ခွဲမှုကို လက်လျှော့ခဲ့ရတာလို့ ပြောပါတယ်။

ဧရာဝတီဘဏ်အနေနဲ့ CDM ပြုလုပ်နေတဲ့ တာဝန်သိဝန်ထမ်းတွေရဲ့ ချေးငွေတွေကို အတိုးမဲ့မလုပ်ပေးတဲ့အပြင် နောက်ကျကြေးတွေ ထည့်သွင်းကောက်ခံရုံသာမက အတိုးပိုတင်တောင်းတာ၊ အိမ်အထိလိုက်တောင်းတာ၊ လိုင်းပေါ်မှာတောင်းတာ၊ ဖုန်းဆက် တောင်းတာ၊ ကာယကံရှင်ကို မတောင်းဘဲ CDM ဝန်ထမ်းတွေရဲ့ ဆွေမျိုးတွေဆီ ဖုန်း ဆက်တောင်းတာစတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေကြောင်းနဲ့ ဒါတွေဟာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အားပေးထောက်ခံတဲ့ ပုံစံတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ B.F.R.A.F က သတိပေးနေတဲ့ကြားက ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ် ဆောင်နေမယ်ဆိုရင် ဧရာဝတီဘဏ် သက်ဆိုင်ရာလူကြီးတွေကို နာမည်ပျက်စာရင်းသွင်းကာ လုပ်ဆောင်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်မယ်လို့ အသိ ပေးကြေညာထားပါတယ်။

B.F.R.A.F အဖွဲ့ကတော့ ဘယ်အဖွဲ့အစည်းရဲ့ လက်အောက်ခံမှ  မဟုတ်ဘဲ လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်ပြီး  အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေတဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်ကာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း သာကေတမြို့နယ်  နယ်မြေရုံးမှတ်တိုင်အနီးက စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ဘောလုံးကွင်းဝင်းအတွင်း  ဖောက်ခွဲခဲ့ပါတယ်။

10 months Ago
Up