close

ဧရာဝတီလင်းပိုင်အဖွဲ့

close

November 9, 2021

မော်ကျွန်းတွင် ပျူစောထီးတစ်ဦး ပစ်ခတ်ခံရ

ဧရာဝတီတိုင်း မော်ကျွန်းမြို့ ၅ လမ်းနဲ့ ၆ လမ်းထိပ်မှာ နို၀င်ဘာ ၈ ရက်​​နေ့ည ၈ နာရီ ၄၅ မိနစ်လောက်က ဒလန်ပျူစောထီး ကျော်တင့်ဦးဆိုသူ သေနတ်ပစ်ခံရတယ်လို့ သိရပါတယ်။

မော်ကျွန်းနဲ့ ဝါးခယ်မမြို့ပြ ပြောက်ကျားပူးပေါင်း ဧရာဝတီလင်းပိုင်အဖွဲ့က မော်ကျွန်းမြို့အကြီးဆုံး ဒလန်ကျော်တင့်ဦးအား သတိပေးပစ်ခတ်ခဲ့တာဖြစ်ပြီး မြို့နေပြည်သူတွေကို ဒုက္ခပေးနေပါက အသေပစ်သတ်သွားမယ်လို့ ပူး​ပေါင်းအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးမှုးတွေ၊ ပျူစောထီး သတင်းပေး ဒလန်တွေအားလုံး စစ်ကောင်စီ နဲ့ ဆက်လက်လုပ်ကိုင်နေပါက အပြီးတိုင် သုတ်သင်ရှင်းလင်းသွားမယ်လို့ ဧရာဝတီလင်းပိုင်အဖွဲ့က​ပြောပါတယ်။

မော်ကျွန်းမြို့မှာလည်း ဒလန်​ကျော်တင့်ဦးဟာ လူမှုကွန်ရက်စာမျက်နှာကနေ ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ပြောဆိုနေသူဖြစ်တယ်လို့  မြို့ခံတစ်ဦးက ​ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက သေနတ်တွေ ပစ်ဖောက်ပြီး အပြစ်မဲ့ပြည်သူတွေကို ခြိမ်းခြောက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2 mins Ago
Up