close

ဧရာဝတီသွေးလှူရှင်အသင်း

close

July 30, 2021

မြင်းခြံတွင် ဧရာဝတီသွေးလှူရှင်အသင်းက အောက်ဆီဂျင်လှူဒါန်း

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ အောက်ဆီဂျင် လိုအပ်သူတွေကို  ဧရာဝတီသွေးလှူရှင်အသင်းက ဇူလိုင် ၃၀ ရက် ညနေက အေးမြသီတာစျေး အနောက်ဘက် သုဓမ္မာ ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ လူတစ်ယောက် ၁၀ လီတာ၊ ၁၅ လီတာ အိုးတစ်လုံးကျ အခမဲ့ဖြည့်လှူဒါန်းနေတယ်လို့ သိရပါတယ်။

     အောက်ဆီဂျင်  ရသလောက်  အသင်းကနေ ပြန်လည်လှုဒါန်းပေးမှာဖြစ်ပြီး  ပြည်သူတွေ လိုအပ်ချက်ပြည့်မီစေဖို့ နေ့စဥ် ပေးဝေနိုင်ရေး ကြိုးစားနေတယ်လို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

   မြင်းခြံ ပြည်သူများ အောက်ဆီဂျင် အခက်အခဲ မရှိစေဖို့ ဒေသ ပရဟိတအသင်းတွေလည်း တက်စွမ်းသလောက်ကြိုးစားနေရာမှာ အဖြူရောင်လက်များအသင်းကလည်း လက်ရှိ အောက်ဆီဂျင် ရရှိရေး စွမ်းဆောင်ပေးနေသလို မကြာခင် အောက်ဆီဂျင် စက်ရုံ တည်ဆောက်နိုင်တော့မယ်လို့ သိရပါတယ်။

1 min Ago
Up