close

ဩစတြီးယားဝန်ကြီးချုပ်

close

April 11, 2022

ဩစတြီးယားဝန်ကြီးချုပ် ကိယက်ဗ်မြို့ကို သွားရောက်ပြီး ယူကရိန်းသမ္မတနှင့်တွေ့ဆုံ

ဩစတြီးယားဝန်ကြီးချုပ် ကားလ်နီဟားမား ယူကရိန်းကို တရက်ခရီးသွားရောက်ခဲ့ပြီး သမ္မတဗိုလိုဒီမာ ဇလန်းစကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ 

စစ်အေးခေတ်ကတည်းက ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့တဲ့ ဩစတြီးယားက ယူကရိန်းကို သံချပ်ကာကားနဲ့ လက်နက်တွေထက် လူသားချင်းဆိုင်ရာအကူအညီတွေ၊ ကျည်ကာအင်္ကျီနဲ့ သံခမောက်တွေ ပို့ပေးခဲ့တာပါ။

ကွန်ဆာဗေးတစ်ဝါဒီ နီဟားမားက အခု ယူကရိန်းကို ပွင့်ပွင့်လင်းလင်း ပိုမိုထောက်ခံမှုပြချင်တာကြောင့် ရုရှားတပ်တွေ ဆုတ်ခွာစဉ် အရပ်အသားအများအပြား သတ်ဖြတ်ခဲ့တဲ့ ဘူချာမြို့ကို သွားရောက်ခဲ့ပါတယ်။ 

ဘူချာမြို့ကို ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေးယန်း ဧပြီ ၈ ရက်က သွားရောက်ခဲ့ပြီး အခု ဩစတြီးယားဝန်ကြီးချုပ် ရောက်ရှိလာပါ။ 

စစ်သားတဦး ဖြစ်ခဲ့ဖူးတဲ့ နီဟားမားက “ကိုယ့်မိခင်တိုင်းပြည်ကို အသက်နဲ့လဲ ကာကွယ်ကြတဲ့ ယူကရိန်းအစိုးရနဲ့ ပြည်သူလူထုကို လေးစားလွန်းလို့ လာခဲ့ရတာပါ” လို့ ပြောခဲ့ပါတယ်။ 

5 mins Ago
Up