close

ါးမြောင်းကျေးရွာ

close

December 16, 2021

မြိုင်မြို့နယ် ငါးမြောင်းကျေးရွာကို စစ်တပ်က မီးရှို့

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်မြောက်ခြမ်း၊ ငါးမြောင်းကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက် ၁၀ နာရီလောက်က  မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၃၀ လောက် လောင်ကျွမ်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုငါးမြောင်းရွာကို မီးရှို့နေတဲ့ စစ်တပ်ဟာ ဂန့်ဂေါနယ်ဘက်က ထွက်လာတဲ့ ကပစတပ်က စစ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့ရွာ အနောက်ခြမ်းကနေ ဒီကောင်တွေ ဒီနေ့မနက်ခင်း ၁၀ နာရီလောက်က စမီးရှို့တာဗျ။ အခုအချိန်အထိ လောင်နေတုန်းပဲ။ ခန့်မှန်းခြေ ၃၀ လောက် အကုန်လောင်သွားပြီ။ ဒေသခံတွေကတော့ ရွာအပြင်ကနေ လှမ်းကြည့်နေရတယ်ပေါ့ဗျာ။ ရွာက ကလေးတွေက အရဲစွန့် မီးငြှိမ်းသတ်ဖို့ လုပ်နေကြတယ်” လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ငါးမြောင်းကျေးရွာ မြိုင်မြို့နယ်နဲ့ ပုလဲမြို့နယ်အဆက်မှာတည်ရှိကာ အိမ်ခြေ ၂၃၀ ရှိတယ်လို့လည်း သိရပါတယ်။

အခုလို ငါးမြောင်းရွာကို မီးရှို့တဲ့ စစ်တပ်ဟာ  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က ငါးမြောင်းကျေးရွာအနီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်လို့ အကျအဆုံးအများအပြားရှိနေပြီး ဒဏ်ရာရရှိသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

9 mins Ago
Up